Man Finds Tape (2025) ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်များနဲ့ မြို့ငယ်လေးရဲ့လျှို့ဝှက်ချက် ++++++++++++ Found Footage Horror နဲ့ Mystery ကားကိုသဘောကျတဲ့သူမျိုးဆိုရင်တော့ ဒီနှစ်ကုန်ခါနီးမှထွက်ရှိထားတဲ့"Man Finds Tape"(2025)ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ ဇာတ်အိမ်လေးကတစ်မျိုးလေးမလို့ ပုံမှန်ဇာတ်အိမ်ကိုရိုးအီနေတဲ့သူတွေဆိုရင်တော့ ဒီကားလေးကိုကြည့်လိုက်ကြပါ။ ဇာတ်လမ်းအကျဉ်း လူးကပ်စ်ဟာ သူ့ရဲ့ YouTube Channel မှာမေ့ပျောက်နေတဲ့အတိတ်ကဗီဒီယိုဖိုင်တစ်ခုကို တင်လိုက်ရာကနေသူ့ဘဝဟာစတင်ပြောင်းလဲသွားပါတော့တယ်။ သူ့မိဘတွေအိမ်မှာရှာတွေ့ခဲ့တဲ့ဒီလျှို့ဝှက်တိပ်ခွေထဲမှာလူးကပ်စ် ငယ်ငယ်တုန်းကအိပ်ပျော်နေချိန် အခန်းထဲကိုလူစိမ်းနှစ်ယောက်ဝင်လာပြီးတစ်ခုခုလုပ်သွားတဲ့မြင်ကွင်းပါဝင်နေပေမယ့် ဒီအဖြစ်အပျက်ကိုသူလုံးဝမမှတ်မိနေပါဘူး။ ဒီကိစ္စကို စုံစမ်းဖို့အတွက် မြို့ကနေ ခွဲခွာသွားတဲ့ သူ့အစ်မဖြစ်သူမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူလင်းန်ကပြန်ရောက်လာပြီး မောင်နှမနှစ်ယောက်သာ အဖြေရှာဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့ရှာဖွေလေလေ... သူတို့နေထိုင်ရာ တက္ကဆက်ပြည်နယ်ကမြို့ငယ်လေး Larkin မှာ ဖုံးကွယ်ထားတဲ့ကြောက်မက်ဖွယ်ရာလျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်လာရလေပါပဲ။ မြို့ခံတွေရဲ့ ထူးဆန်းတဲ့အမူအရာတွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ဘုန်းတော်ကြီးတစ်ပါးနဲ့လူသတ်မှုခင်းတွေမှာ အမြဲပေါ်လာတတ်တဲ့ "The Stranger" ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်... ဒီအရာတွေအားလုံးကသူတို့မောင်နှမနှစ်ယောက်ရဲ့အတိတ်နဲ့ ဘယ်လိုဆက်စပ်နေမလဲ..... အမှန်တရားကို ရှာဖွေရင်း သူတို့ကိုယ်တိုင်ရောဘယ်လိုအန္တရာယ်တွေကြားရောက်သွားမလဲဆိုတာကိုတော့ ရင်တလှပ်လှပ်နဲ့ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။ File Size… (1.44GB) / (758MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 24m Genre … Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်