The Leech
ဖာသာဒေးဗစ်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းပြီး သူ့ဘဝတစ်ခုလုံးကို ဘုရားသခင်ဆီ ပုံအပ်ထားသူပါ။ တရားဟောပွဲမှာ လာအိပ်နေတဲ့ တယ်ရီကို တွေ့မိတဲ့အခါ သူ့ကို အကူအညီတွေ ပေးခဲ့တယ်။ တယ်ရီကတော့ ဖြစ်သလိုနေ၊ ဖြစ်သလိုစားတတ်တဲ့ ဟစ်ပီဆန်ဆန် လူတစ်ယောက်ဖြစ်လို့ ဖာသာဒေးဗစ်နဲ့ အတွေးအခေါ်၊ နေထိုင်ပုံ၊ စောင့်ထိန်းတဲ့ စည်းကမ်းတွေက အတော်ကွာကြပါတယ်။ အဲဒီလို ကွာခြားနေပေမယ့် ဖာသာဒေးဗစ်က တယ်ရီနဲ့ သူ့ရည်းစား လက်ဆီတို့ကို နေစရာ ပေးလိုက်တယ်။ အဲဒီနောက် ဖြစ်လာတဲ့ အလွဲတွေကို အစပိုင်းမှာ ပေါ့ပေါ့ပါးပါး ဟာသပုံစံနဲ့ ပြထားပေမယ့် ဇာတ်လမ်းဆက်လာတာနဲ့ ထိတ်လန့်စရာဘက်ကို တဖြည်းဖြည်း ပြောင်းသွားပါတယ်။
ဇာတ်လမ်းအကြောင်း