ဒီတစ်ခါ တင်ဆက်ပေးသွားမှာလေးကတော့ တရုတ်နိုင်ငံအနောက်ပိုင်းက လှပတဲ့တိဗက်ကုန်းပြင်မြင့်ဆိုတဲ့နေရပ်ဒေသကို ကာကွယ်ဖို့ ကြိုးစားအားထုတ်ခဲ့တဲ့မိန်းမငယ်တစ်ဦးအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့စီးရီးသစ်လေးပါ။ ဒီဇာတ်လမ်းမှာ သူဖြတ်သန်းခဲ့ရတဲ့ခရီးစဉ်တွေ၊ တည်ဆောက်ခဲ့တဲ့လူမှုဆက်ဆံရေးတွေအပေါ် အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ MC တွေအနေနဲ့ Yang Zi နဲ့ Hu Ge တို့က ပါဝင်သရုပ်ဆောင်ထားပေးပြီး Life Drama အမျိုးအစားမို့ ပရိသတ်တို့အကြိုက်တွေ့မှာ အသေအချာပါပဲ! ဇာတ်လမ်းအညွှန်း >>> တိဗက် - ချင်းဟိုင်လမ်းမကြီးစီမံကိန်းရဲ့အဖွဲ့ခေါင်းဆောင် ပိုင်ကောကန်းနဲ့ သူ့ဇနီး ကျန်းချင်ချင်တို့ဟာ လမ်းပျောက်နေတဲ့မိန်းကလေးငယ်လေးတစ်ဦးကိုမွေးစားခဲ့ပြီး သမီးအရင်းသဖွယ် စောင့်ရှောက်ခဲ့ကြပါတယ်။ သူတို့ဇနီးမောင်နှံက အဲမိန်းမငယ်လေးကို ပိုင်ကျွီလို့ အမည်ပေးခဲ့ပါတယ်။ ဂိုဘီသဲကန္တာရထဲမှာကြီးပြင်းလာခဲ့တဲ့ ပိုင်ကျွီဟာ ပိုင်မိသားစုရဲ့ကိုယ်ကျိုးမဖက်တဲ့ပေးဆပ်မှုတွေအပေါ် စိတ်လှုပ်ရှားလေးစားခဲ့သလို ဒီရိုးရှင်းတဲ့မြေကမ္ဘာကြီးရဲ့ပြုစုပျိုးထောင်မှုကိုလည်း အပြည့်အဝခံယူခဲ့ရပါတယ်။ သူ အရွယ်ရောက်လာတဲ့အခါမှာတော့ ရဲအရာရှိတစ်ဦးဖြစ်လာခဲ့ပြီး တောင်တန်းကင်းလှည့်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီလိုမျိုးတွေကြောင့် ဇာတိမြေကို ချစ်စိတ်တွေဟာ ပိုင်ကျွီရဲ့ရင်ထဲ ကိန်းအောင်းလာခဲ့ပါတော့တယ်။ ဒါပေမဲ့ မွေးရပ်မြေကို အပိုင်ကြံချင်သူတွေရောက်လာချိန်မှာတော့ ပိုင်ကျွီတစ်ယောက် ချစ်ရတဲ့ဒေသကို ဘယ်လိုကာကွယ်သွားမလဲ သူ့မိဘအရင်းတွေကရော ဒီကိစ္စနဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကို အသေအချာကြည့်ချင်ရင်တော့ ဒီစီးရီးလေးကို မဖြစ်မနေအားပေးသင့်ပါပြီ ပြိတ်သတ်ရေ...! Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min
ဇာတ်ကားကြည့်ရန်