The Nice Ones (2026) ++++++++++ ခရီးထွက်ရင်း ထူးဆန်းတဲ့ ဂြိုဟ်သားအင်အားစုတစ်ခုနဲ့ ရင်ဆိုင်ရမယ့် Cosmic Horror ရုပ်ရှင်အသစ်တစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကိတ်ဟာ သူ့ချစ်သူနဲ့အတူ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ တောထဲက အပန်းဖြေအိမ်လေးတစ်ခုကို ခရီးထွက်လာရာကနေစတင်ထားပါတယ်။ လမ်းခရီးမှာ ကိတ်ဟာ ကောင်းကင်ပေါ်ကနေ ထူးဆန်းတဲ့ အလင်းတန်းတွေကို စတင်မြင်တွေ့ခဲ့ရပါတယ်။ အပန်းဖြေအိမ်ကိုရောက်ပြီးတဲ့ နောက်ပိုင်းမှာတော့ သူငယ်ချင်းအဖွဲ့ထဲက ရှယ်လီဆိုတဲ့ကောင်မလေးဟာ ပုံမှန်မဟုတ်ေတာ့ဘဲ ထူးဆန်းလောက်အောင် ယဉ်ကျေးလွန်းလာပြီး ထူးဆန်းတဲ့စကားတွေစပြောလာပါတယ်။ ဒါကို ကိတ် တစ်ယောက်တည်းကပဲ အန္တရာယ်ကို ရိပ်မိပြီး ကျန်တဲ့သူတွေကတော့ သူ့ကို စိတ်ရူးပေါက်နေတယ်လို့ပဲ ထင်မှတ်နေကြတာပါ။ ပုံမှန်မြင် တွေ့နေကျဇာတ်လမ်းတွေနဲ့ ကွဲပြားပြီး ထိတ်လန့်စရာကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့အတူ ကိတ် နဲ့ သူ့ချစ်သူတို့ ဒီလိုကြောက်စရာကောင်းတဲ့ အခြေအနေကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမဲ့ Sci-Fi Horror ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File Size… (658MB) / (459MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 29m Genre …Horror , Fantasy, Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်