ဇာတ်လမ်းတွဲ / 2023Puli MekaIMDb 6.8/10
ဒီတစ်ခေါက်ထွက်ရှိလာတာကတော့ စုံထောက်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူတွေကို
အရမ်းအကြိုက်တွေ့စေမယ့် လှည့်ကွက်တွေ ဇာတ်လမ်းအကွေ့အပြောင်းတွေအမျိုးမျိုး
ပါဝင်ပြီးThrillerဆန်ဆန်ထွက်ရှိလာတဲ့ Puli Mekaပဲဖြစ်ပါတယ်
မင်းသားချော Aadi Saikumar နဲ့ မင်းသမီးချောလေး Lavanya Tripathi တို့ အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်
စိတ်ပညာဆိုင်ရာ မှုခင်းပညာရပ်မှာ မာစတာရထားတဲ့ လေ့ကျင့်ရေးအရာရှိရဲမေ ကီရန်ပရာဘတ်ဟာ ထက်မြက်ပြီးကျရာတာဝန်ကိုလက်မနှေးထမ်းဆောင်တတ်သူ တစ်ယောက်ဖြစ်ပါတယ် သူ့ကိုတာဝန်ပေးအပ်လိုက်တဲ့ အမှုမှန်သမျှကိုလည်း အချိန်တိုအတွင်းဖြေရှင်းနိုင်တာမို့ အထက်လူကြီးရဲ့အားကိုးယုံကြည်မှုကို ရထားသူလည်းဖြစ်ပါတယ်
တစ်ဖက်မှာလည်း မှုခင်းဆေးပညာကျွမ်းကျင်သူခေါင်းဆောင်ဖြစ်တဲ့ ပရာဘာကာရှာမာက ချက်ဆိုနားရွက်က မီးထတောက်တဲ့အထိ ဉာဏ်ကောင်းပြီး သူ့တာဝန်ကိုအာရုံစိုက်တတ်တာကြောင့် အထက်လူကြီးရဲ့ယုံကြည်အားကိုးခြင်းကို ခံထားရသူတစ်ယောက်ပါ
တခြားဇာတ်လမ်းတွေနဲ့မတူပဲ အနည်းငယ်ကွဲပြားနေတာက ဇာတ်လမ်းအများစုမှာမင်းသားကရဲဖြစ်ပြီး မင်းသမီးကဆရာဝန်ဖြစ်ပေမယ့် ဒီဇာတ်မှာကတော့ မင်းသားကမှုခင်းဆရာဝန်ဖြစ်ပြီး မင်းသမီးကရဲဖြစ်ပါတယ်
ဒီလိုနဲ့မတူညီတဲ့နယ်ပယ်တွေမှာတာဝန်ထမ်းဆောင်နေကြတဲ့ သူတို့နှစ်ယောက်ကိုဆုံစည်းစေမယ့် လူသတ်မှုတစ်ခုက တစ်နေ့မှာပေါ်လာပါတော့တယ် ဒီလူသတ်မှုမှာလူသတ်သမားရဲ့ ထူးခြားချက်က သူ့ရဲ့သားကောင်ကရဲအရာရှိတွေဖြစ်ပြီး ရဲတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ပါ
ဒီကိစ္စကိုအစပြုပြီး သူတို့နှစ်ယောက်တွဲဖက်ကာ ဒီကွင်းဆက်လူသတ်သမားမှုကို စုံစမ်းရင်းမထင်ထားတဲ့ အလှည့်အပြောင်းတွေ သဲလွန်စတွေထွက်ပေါ်လာတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြမလဲ သူတို့လိုက်ရှာနေတဲ့တရားခံက ဘာအကြောင်းကြောင့်နဲ့ ရဲအရာရှိတွေကိုပစ်မှတ်ထားနေတာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အကြည့်မလွှဲနိုင်အောင်ထိ ကြည့်ရှု့ရင်းအဖြေရှာလိုက်ရအောင်
File Size – 800MB
Quality – 1080p
Duration –32 minutes
Total Episodes: 8Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Crime , Mystery
Translator – BpL~ Yunni~Sai ~ Khin
Encoder – YK
ဇာတ်ကားကြည့်ရန်