ဇာတ်ကားများ ရွေးရန်

Waltair Veerayya

2023ဇာတ်ကားအမှတ် 5.5/10160 မိနစ်

RAW အဖွဲ့က နိုင်ငံတကာရာဇဝတ်သားတစ်ယောက်ကို အိန္ဒိယနိုင်ငံဆီ ဖမ်းခေါ်လာတုန်း လေယာဉ်ပျက်ကျသွားတာကြောင့် သူ့ကို ရဲစခန်းတစ်ခုမှာ တစ်ညထိန်းသိမ်းထားဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ ရဲစခန်း ဝင်စီးခံရပြီး စခန်းထဲက ရဲတွေအားလုံး အသတ်ခံလိုက်ရတယ်။ ဖမ်းထားတဲ့ ရာဇဝတ်သားလည်း လွတ်သွားပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိက လွတ်သွားသူကို ပြန်ဖမ်းဖို့ သန္နိဋ္ဌာန်ချထားတယ်။ ရာဇဝတ်သားကို ရင်ဆိုင်ဖို့ မီးကိုမီးနဲ့ ငြှိမ်းမယ့်နည်းကို ရွေးလာတဲ့အခါ ဇာတ်လမ်းက ဆက်သွားပါတယ်။ ချီရန်ဂျီဗီး၊ ရဗီတေဂျားနဲ့ ရှရူတီးဟာစန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ရုပ်ရှင်ဖြစ်ပြီး ရိုက်ကူးစရိတ် ရူပီကုဋေ ၁၄၀ အသုံးပြုကာ ဝင်ငွေ ၂၃၃.၀၅ ကုဋေ ရရှိခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း