Volja Sinovljeva (2025) ဒီဇာတ်ကားကတော့ နျူကလီးယားစစ်ပွဲကြီးပြီးတဲ့နောက် ပျက်စီးသွားတဲ့ ဘော်လ်ကန်ဒေသကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပါ ကမ္ဘာကြီးက ဥပဒေနဲ့စနစ်တွေ ပျက်စီးသွားပြီး လူသားတွေက မျိုးနွယ်စုငယ်အဖြစ် ကွဲပြားနေထိုင်ခဲ့ကြတယ် ဂျုံစိုက်ပျိုးကြပြီး "ဂျုံမျိုးနွယ်စု" နေကြတဲ့ ရွာငယ်တစ်ရွာက အာဏာရှင်ဆန်သော “မြိုတော်” ရဲ့ အုပ်ချုပ်မှုကို လက်မခံဘဲ လွတ်လပ်မှုနဲ့ နေထိုင်ကြပါတယ် ဒါပေမဲ့ သစ္စာဖောက်မှုတစ်ခုကြောင့် ရွာပျက်စီးသွားပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ "ဂျိုဗန်" ဟာ ပျောက်ဆုံးသွားသော သူ့ညီမကို ရှာဖွေဖို အန္တရာယ်ပြည့်နှက်နေတဲ့ ယ်လိုအန္တာရယ်တွေနဲ့ါတယ် ခရီးလမ်းတစ်လျှောက်မှာ "ဂျိုဗန်"က လျှိဝှက်ဆန်ပြီး သတ္တိရှိတဲ့ "အန်ဒီလီယာ " နဲ့ တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် အန်ဒီလီယာရဲ့ အကူအညီနဲ့ ရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်ရင်း မြိုတော်ကိုရောက်ဖို ဘယ်လိုအန္တာရယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ သူလိုက်ရှာနေခဲ့တဲ့ ညီမလေးနဲ့ ပြန်ဆုံတွေ့နိုင်ပါ့မလား လူသားယဉ်ကျေးမှုရဲ့ အနာဂတ်ကို ဆုံးဖြတ်မဲ့ တိုက်ပွဲကြီးအတွင်းမှာ ဘယ်ဘက်ကို ရပ်တည်မလဲဆိုတာ... ဒဏ္ဍာရီဆန်ဆန် အငွေ့အသက်တွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားလေးမို နှစ်နာရီလောက် အချိန်ပေးပြီး ကြည့်ရှုလိုက်ကြရအောင်
ဇာတ်ကားကြည့်ရန်