You're Dead to Me (2025) +++++++++++++ ဒါရိုက်တာ Juan Pablo Arias Muñoz ရိုက်ကူးထားပြီး နာမည်ကြီး မင်းသမီး Denise Richards နဲ့ Siena Agudong တို့ အဓိကပါဝင်ထားတဲ့ Teen Slasher / Horror Thriller ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမယ့်စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေပုံနေတဲ့ အထက်တန်းကျောင်းသားတစ်စု (Indy, Brynn နဲ့ Jordan) ဟာ စိတ်အပန်းဖြေဖို့အတွက် Brynn ရဲ့ ဖခင်ပိုင် သီးခြားစံအိမ်ကြီးဆီ သွားရောက်ပုန်းအောင်းနေခဲ့ကြပါတယ်။ စံအိမ်ကြီးထဲမှာ အပြင်လောကနဲ့သီးခြားခွဲပြီး တံခါးတွေ အထပ်ထပ်ပိတ်ထားကြပေမယ့် သူတို့မသိတာတစ်ခုကတော့ အပြင်ဘက်မှာ ရက်စက်လှတဲ့ကွင်းဆက်လူသတ်သမားတစ်ယောက် လွတ်မြောက်လှည့်လည်နေတယ်ဆိုတာပါပဲ။ အပြင်မှာ လူသတ်သမားရှိနေမှန်းမသိဘဲ စံအိမ်အတွင်း ငြိမ်းချမ်းစွာအပန်းဖြေနေကြတဲ့လူငယ်တွေနဲ့ စံအိမ်ဆီ တဖြည်းဖြည်းချဉ်းကပ်လာတဲ့လူသတ်သမားကြားက ပုန်းလျှိုးကွယ်လျှိုး သည်းထိတ်ရင်ဖိုအသက်လုပွဲကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Slasher စတိုင်အကြမ်းဖက်မှုအခန်းတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေနဲ့ စိတ်ဓာတ်ကျစရာအန္တရာယ်ကြုံတွေ့ရမှုတွေပါဝင်လို့ အသက် ၁၆ နှစ်နဲ့အထက်သာ ကြည့်ရှုသင့်ပါတယ်။ Scream ၊ Don't Breathe ဒါမှမဟုတ် The Strangers လိုမျိုး သီးခြားစံအိမ်ထဲပိတ်မိပြီး လူသတ်သမားရန်ကနေ ထွက်ပြေးရတဲ့ Slasher / Home Invasion Horror ကားတွေ ကြိုက်သူတွေအတွက် အထူးသင့်တော်ပါတယ်။ File Size… (1.07GB) / (629MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 36m Genre …Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်