Influenced (2026) Mean Girls , Emily in Paris တို့လို Vibe မျိုးကိုမှ... ခနဲ့တဲ့တဲ့ ခေတ်သစ်လူမှုကွန်ရက် ရူးသွပ်မှုတွေကို သရော်ထားပြီး အဝတ်အစားဖက်ရှင် အပြင်အဆင်တွေနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်သူတွေအတွက် အထူးသင့်လျော်တဲ့ကားပါ ဇာတ်လမ်းကတော့ လူမှုကွန်ရက်ပေါ်မှာ Follower အမြောက်အမြားရရှိပြီး အောင်မြင်တဲ့ ထိပ်တန်း Influencer တစ်ဦးဖြစ်လာဖို့ အသည်းအသန် ကြိုးစားနေတဲ့ မိန်းကလေးငယ် "ဇန်နီရယ်" အကြောင်းကနေ စတင်ထားပါတယ်။ သူမဟာ သူမရဲ့ ရည်မှန်းချက်ဖြစ်တဲ့ "ဖော်လိုဝါ တစ်သန်း" ရရှိဖို့အတွက် နယူးယောက်မြို့ရဲ့ အချမ်းသာဆုံး အထက်တန်းလွှာတွေ နေထိုင်ရာ Upper East Side လူမှုပတ်ဝန်းကျင်ထဲကို ခြေချဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေဟာ အပြင်ပန်းမှာတော့ ပြီးပြည့်စုံနေကြပေမဲ့... နောက်ကွယ်မှာတော့ ပိုက်ဆံတွေကို ရေလိုသုံးဖြုန်းနေကြသူတွေ၊ ခေတ်စားနေတဲ့ ဝိတ်ကျဆေးတွေ သုံးစွဲပြီး အလှအပအတွက် အရူးအမူးဖြစ်နေကြသူများနဲ့ အတုအယောင်မိတ်ဆွေ တွေသာ ဖြစ်နေကြပါတယ်။ ဇန်နီရယ်ဟာ ထိုသူတွေကြားထဲမှာ ဖြတ်သန်းရင်း... မထင်မှတ်ထားတဲ့ အလွဲအချော် အခိုက်အတန့်တွေ ကြုံတွေ့ရပါတော့တယ်။ အဆိုပါ အတုအယောင် အဝိုင်းအဝန်းထဲကနေမှ... သူမဟာ ဘဝအတွက် ပထမဦးဆုံးသောသူငယ်ချင်းအစစ်တစ်ဦးကို ရှာတွေ့သွားပြီး၊ မိမိတန်ဖိုးကို ရှာဖွေတွေ့ရှိသွားပုံကို comedy ဆန်ဆန် ရိုက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်