Donald Sullivan လို့ခေါ်တဲ့ Sully ဟာ သူငယ်ချင်း Rub နဲ့အတူ Carl Roebuck ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ အဘိုးကြီးတစ်ယောက်ပါ။ အလုပ်လုပ်ရင်း ရခဲ့တဲ့ ဒူးဒဏ်ရာအတွက် ခြေထောက်တစ်ဖက်သာရှိတဲ့ ရှေ့နေသူငယ်ချင်းကို အကူအညီတောင်းပြီး Carl ဆီက လျော်ကြေးရဖို့ တရားရုံးကနေ ကြိုးစားပေမယ့် ငြင်းပယ်ခံခဲ့ရတယ်။ အရင်က မိန်းမနဲ့သားကို ထားခဲ့ဖူးတဲ့ Sully ဟာ သားဖြစ်သူ Peter တို့မိသားစုနဲ့ ပြန်တွေ့ချိန်မှာတော့ မမျှော်လင့်ထားတဲ့ တာဝန်တွေကို ရင်ဆိုင်လာရပါတယ်။ တစ်ချိန်တည်းမှာပဲ အိမ်ရှင်အမျိုးသမီး Beryl ရဲ့သားက Sully ကို အိမ်မှာဆက်မထားဖို့ သူ့အမေကို ဖိအားပေးနေတယ်။ နေစရာကိစ္စနဲ့ မိသားစုကိစ္စတွေကြားမှာ Sully က Carl ရဲ့မိန်းမကိုလည်း အခွင့်ကြုံတိုင်း အီစီကလီလုပ်တတ်သေးတာမို့ Carl နဲ့ သူ့ကြားက တစ်ယောက်တစ်လှည့် အနိုင်ယူကြပုံတွေကို ဟာသနဲ့ တွဲဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ အော်စကာဆုနှစ်ဆုအတွက် ဆန်ကာတင်ဝင်ခဲ့သလို တခြားဆုတွေအတွက်လည်း အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။ ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားသူကတော့ Kramer vs. Kramer (1979) နဲ့ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု နှစ်ဆုလုံး အော်စကာရခဲ့တဲ့ Robert Benton ပါ။ သူဟာ Bonnie and Clyde (1967) နဲ့ Superman (1978) တို့မှာလည်း ပူးတွဲဇာတ်ညွှန်းရေးသားခဲ့သူဖြစ်ပါတယ်။ Sully အဖြစ် Paul Newman၊ Beryl အဖြစ် Jessica Tandy၊ Carl အဖြစ် Bruce Willis တို့ သရုပ်ဆောင်ထားပြီး Peter နေရာမှာတော့ Superman & Lois ထဲက Sam Lane အဖြစ် သရုပ်ဆောင်ဖူးတဲ့ Dylan Walsh ပါဝင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်