"Believer" (2024) IMDb (4.5/10) Sheldon Wilson ရဲ့ "Believer" (2024)ကားလေးက ထိတ်လန့်စရာတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ horror ၊ mystery၊ thriller ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Jena Malone ရဲ့ သရုပ်ဆောင် စွမ်းဆောင်ရည်ပိုင်နိုင်မှုကြောင့်လည်း ဇာတ်လမ်းထဲကို ပိုမိုနစ်မြောစေမှာပဲ ဖြစ်ပါတယ်။ Kate အဖြစ်သရုပ်ဆောင်ထားတဲ့ Jena Malone က စာရေးဆရာမတစ်ဦးဖြစ်ပြီး လူသတ်မှု ၅၃ ခုကို ကျူးလွန်ထားတဲ့ Marshall Grayson (Stephen Dorff) ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး သူ့စာအုပ်မှာထည့်ရေးဖို့ကြိုးစားနေပါတယ်။ တစ်ဖက်မှာလည်း စိတ်ပညာဆရာတစ်ဦးဖြစ်တဲ့ Grayson ရဲ့ အကြောင်းမဲ့ မဟုတ်တဲ့ လူသတ်မှုတွေ၊ ပဟေဌိဆန်တဲ့ အပြုအမူတွေနှင့် နှစ်ပေါင်း ၂၀ ကြာ သတ်ဖြတ်မှုတွေ ပြုလုပ်ပြီးမှ ရုတ်တရက် အဖမ်းခံခဲ့တာတွေကလည်း Kate အတွက် စာအုပ်ပေါက်ဖို့ ထည့်ရေးရမယ့်အကြောင်းအရာကောင်းတွေဖြစ်တာကြောင့် ဖြစ်လာမယ့်အကျိုးဆက်တွေကို မတွေးမိဘဲ Kate အတွက် လျို့ဝှက်ဆန်းကျယ်လွန်းတဲ့ လူသတ်ကောင်ကို ပိုပြီးအနီးကပ်လေ့လာဖို့ ဖြစ်သွားစေခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ သူမအတွက် နက်နဲဆန်းကျယ်တဲ့ ကွင်းဆက်လူသတ်မှုနဲ့ ဆက်စပ်လာခဲ့ပြီး သူမကိုယ်တိုင် သေရေးရှင်ရေးအတွက် ဆုံးဖြတ်ချက်ချရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့တယ်။ Kate အနေနဲ့ စုံစမ်းမှုတွေပြုလုပ်ရင်း မျက်စိမကွယ်ခင်က လူကြီးလူကောင်းတစ်ဦးဖြစ်ခဲ့တဲ့ Grayson လို ကွင်းဆက်လူသတ်သမားအကြောင်း နက်နက်နဲနဲသိလာတဲ့အခါမှာ Kate ကိုယ်တိုင်ပဲ ကွင်းဆက်လူသတ်မှုထဲပါ၀င်သွားမလား ရုံးထွက်သွားနိုင်မလား ဆိုတာကိုတော့ မှန်းရခက်တဲ့ ဇာတ်လမ်းလှည့်ကွက်များစွာနဲ့အတူ ဇာတ်ကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ File size…1.1 GB / 625 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 48min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mahaw
ဇာတ်ကားကြည့်ရန်