Dutton Ranch ++++++++++ Season 01 (Complete) Yellowstone ပရိသတ်တွေ အလွမ်းပြေစေမယ့် စီးရီးသစ်လေး Dutton Ranch ထွက်လာပါပြီ။ ဒီစီးရီးကတော့ မွန်တားနားက ခြံကြီး မီးလောင်ပျက်စီးသွားပြီးတဲ့နောက် ဘဝသစ်စဖို့ တက္ကဆက်ပြည်နယ်ကို ရောက်လာကြတဲ့ ရစ်ပ် (Rip)၊ ဘက်သ် (Beth) နဲ့ မွေးစားသား ကာတာ (Carter) တို့ မိသားစုအကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း သူတို့မိသားစု တက္ကဆက်ကိုရောက်တော့ Edwards ဆိုတဲ့ ခြံကြီးကို ဝယ်လိုက်ပြီး Dutton Ranch ဆိုပြီး နာမည်ပြောင်းလိုက်ကြတယ်။ သူတို့ရည်ရွယ်ချက်ကတော့ အရင်ပိုင်ရှင် ဘီလီရဲ့ ဆန္ဒအတိုင်း ဒီခြံကြီးကို အကောင်းဆုံး ဆက်ထိန်းသိမ်းဖို့ပေါ့။ ဒါပေမဲ့ တက္ကဆက်မြေမှာ ခြေချချချင်းပဲ ဒေသခံ အာဏာရှင်ဆန်ဆန် 10-Petal ခြံပိုင်ရှင်ကြီး ဗျူလာ ဂျက်ဆန် (Beulah Jackson) နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ ဗျူလာက သားသတ်ရုံတွေကို လက်ဝါးကြီးအုပ်ထားတော့ အလျှော့မပေးတတ်တဲ့ ဘက်သ်တစ်ယောက် ကိုယ့်လမ်းကိုယ်ဖောက်ဖို့ ကြိုးစားရတော့တာပေါ့။ တစ်ဖက်မှာလည်း 10-Petal ခြံက လူတွေက အလုပ်သမားတစ်ယောက်ကို သတ်ပြီး အလောင်းဖျောက်ထားတဲ့ အရှုပ်အရှင်းတွေကလည်း ပါလာသေးတယ်။ ဒီကြားထဲ ကာတာက ဗျူလာ့မြေးမလေး အိုရီအန်နာကို သဘောကျနေတော့ မိသားစုနှစ်စုကြားက အခြေအနေတွေက ပိုပြီး တင်းမာလာဖို့ပဲ ရှိတော့တယ်။ အနောက်ပိုင်း ကောင်းဘွိုင်တွေရဲ့ ဘဝကြမ်းကြမ်းတွေ၊ မြေယာနဲ့ အာဏာလုပွဲတွေ၊ လူသတ်မှု ဒရာမာတွေကို အရင် Yellowstone အရသာမပျက် ဆက်ကြည့်ရမယ့် စီးရီးကောင်းလေးပါ။ ဘက်သ်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊ ရစ်ပ်ရဲ့ အကြမ်းပတမ်း ဖြေရှင်းပုံတွေကို လွမ်းနေတဲ့သူတွေအတွက် ကွက်တိပဲမလို့ လက်မလွှတ်တမ်း ကြည့်လိုက်တော့နော်။
ဇာတ်ကားကြည့်ရန်