Still Hope (2026) လက်ရှိကမ္ဘာပေါ်မှာ တကယ်ရှိနေတဲ့ ဆယ်ကျော်သက်လူကုန်ကူးမှုတွေအကြောင်းကို ရိုက်ပြထားတဲ့ ပညာပေးဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်...ဇာတ်လမ်းကတော့ ဆယ်ကျော်သက်အရွယ်မှာတင် ရက်စက်ကြမ်းကြုတ်လှတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရပြီး... အတင်းအကျပ် လူကုန်ကူးမှု မြေအောက်လောက ထဲကို ရောက်ရှိသွားခဲ့တဲ့ မိန်းကလေးငယ်တစ်ဦးအကြောင်းပါ သူမဟာ ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်ပြီး နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ချုပ်နှောင်မှုတွေကြားထဲမှာ အကျဉ်းသားတစ်ဦးလို နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရပါတယ်။ ဘဝကိုလက်လျှော့အရှုံးပေးလုနီးပါး ဖြစ်နေတဲ့ အချိန်မှာပဲ... သူမရဲ့ ဘဝထဲကို မထင်မှတ်ဘဲရလာတဲ့ အကူညီတစ်ခုကနေ အသက်အန္တရာယ်ကြားကနေ ပြန်ပေးသမားတွေလက်ထဲကနေ ကူညီကယ်တင်ပေးခဲ့ပါတယ်။ အဆိုပါ အကူအညီကြောင့် သူမဟာ အမှောင်တွင်းထဲကနေ လွတ်မြောက်ပြီး မိသားစုဆီကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ လွတ်မြောက်လာခဲ့ပေမဲ့... နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ၊ မိသားစုနဲ့ ပြန်လည်အဆင်ပြေအောင် ညှိယူရမှုတွေကြားထဲမှာ သူမတစ်ယောက် "မျှော်လင့်ချက်" ကို ဆက်လက်ဆုပ်ကိုင်ပြီး ဘဝသစ်ကို ဘယ်လိုပြန်စမလဲဆိုတာကို ခွန်အားရစရာ ရိုက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်