၂၀၂၄ တုန်းကထွက်ရှိထားတဲ့ Horror ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာပျော်ပျော်ရွှင်နဲ့နေထိုင်နေကြပြီး သဘောမနောကောင်းတဲ့မိသားစုတစ်ခုက တစ်နေ့ဟောလိုးဝင်းတစ်ညမှာ ကလေးတွေကိုချိုချဉ်တွေပေးပြီး အေးအေးလူလူဖြတ်သန်းနေကြပါတယ်။ ဒါပေမဲ့ကံဆိုးစွာနဲ့ပဲ ဘာရန်ငြိုးရန်စမှမရှိ ဘာအကြောင်းပြချက်မှမရှိပဲ အရိုးခေါင်းမျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက် သူတို့ဖခင်ကို သူတို့ရှေ့မှာတင်ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်။ ရဲတွေအနေနဲ့လဲ စုံစမ်းစစ်ဆေးခဲ့ကြပေမဲ့ ဘယ်လိုမှအမှုကိုဆက်စပ်လို့မရခဲ့ကြပါဘူး။ သူတို့မိသားစုလဲ အဲ့ဒီလူသတ်သမားကသူတို့မိသားစုကိုပြန်လာပြီး ဒုက္ခပေးဦးမယ်ဆိုတဲ့စိတ်နဲ့ ဘဝကိုစိတ်ဒဏ်ရာတွေနဲ့ကျီးလန့်စာစားနေနေခဲ့ကြရပါတယ်။ ဒါပေမဲ့ သူတို့မသိကြတဲ့သူတို့ မိသားစုနဲ့ဆက်စပ်နေတဲ့ နောက်ကွယ်ကအကြောင်းတရားတွေကိုတဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီး အရိုးခေါင်းနဲ့လူက သူတို့ကိုဘယ်လိုများလာပြီး ဒုက္ခပေးမလဲ ဘယ်လိုများသူတို့မိသားစု ဒီလိုအန္တရာယ်ဆိုးကြီးကို ဖြတ်ကျော်ကြမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး .... (ဇာတ်လမ်းအညွှန်းကိုတော့ K.Hein မှရေးပေးထားပါတယ်) File size… 1 GB / 500 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1:45 Subtitle….Myanmar Subtitle (Hard Sub) Translated by K.Hein
ဇာတ်ကားကြည့်ရန်