IMDB – 6.5/10, RT – 69% Netflix ကနေ အသစ်ထွက်ရှိလာတဲ့ Dark Comedy အမျိုးအစား စီးရီးလေး ဖြစ်ပါတယ်။ Luke Wilson တို့ Linda Cardellini တို့လို မင်းသား မင်းသမီးတွေအပြင် တခြားမျက်နှာသိသရုပ်ဆောင်တွေလည်း များစွာပါဝင်ထားပြီး မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားတာပါ။ ဇာတ်ကြောင်းလေးကတော့ LA မြို့ လမ်းထောင့်တစ်နေရာက ၁၉၂၀ ကာလဒီဇိုင်းနဲ့ စပိန်စတိုင်အိမ်တစ်လုံး ရောင်းတော့မယ်။ စိတ်ဝင်စားနေကြတာက ဘာနေနေ အဆိုးမြင်တတ်သူ ပါဝင်တဲ့ လက်ဖက်ဆီပြန် စုံတွဲတစ်တွဲရယ်၊ မိန်းမဖြစ်သူက ဗိုက်ကြီးနေပြီး အိမ်ဝယ်ချင်ပေမဲ့ ငွေမလောက်သေးလို့ အမေကို အပူကပ်ချင်တဲ့ မားမားဘွိုင်းတို့ လင်မယားရယ်၊ မိန်းမဖြစ်သူက လုပ်ချင်ရာလုပ် ယောက်ျားဖြစ်သူက မိန်းမကြိုက်တဲ့အိမ်လေး ဝယ်ပေးချင်ပေမဲ့ ရိုက်ကူးရေးမရှိလို့ ငြိမ်နေရတဲ့ သရုပ်ဆောင်တို့ လင်မယားရယ်ဖြစ်ပါတယ်။ အဲဒီမှာ အိမ်ရှင်လင်မယားကလည်း အတိတ်က သူတို့ ပြဿနာ သူတို့အပူနဲ့သူ။ ဒီအိမ်ကြီးမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေကြမလဲ၊ ဘယ်အတွဲက အိမ်ကြီးကို ဝယ်နိုင်သွားမလဲ၊ ထောင်ထွက်သူစိမ်းတစ်ယောက်ကလည်း ဘယ်လိုမွှေဦးမလဲ စသဖြင့် စိတ်ဝင်စားစရာတွေနဲ့ ရိုက်ကူးထားတဲ့ ဟာသဒရမ်မာစီးရီးလေး ဖြစ်ပါတယ်ဗျာ။ File Size : 700 MB , 300 MB Quality : WEB-DL 1080p / 720p Running Time : 40min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : CM Team Encode by : Thit San Khant
ဇာတ်ကားကြည့်ရန်