Web-dl 1080p
ဇာတ်ကား / 2025Ozora: Brutal Assault the Lord of South Jakarta
ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်လမ်းလေး ဖြစ်ပါတယ်။ ကျောင်းသားလူငယ်ချင်း အကြမ်းဖက်မှုကျူးလွန်ခဲ့ကြတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကျောင်းသား ခရစ္စတယ်လီနိုဒေးဗစ်အိုဇိုရာကို ရွယ်တူကျောင်းသားတစ်ယောက်မှ အုပ်စုဖွဲ့အကြမ်းဖက်ခဲ့တာကြောင့် ဦးနှောက်ကို ထိခိုက်မိပြီး ကိုမာဝင်တဲ့အခြေအနေအထိ ရောက်သွားခဲ့ပါတယ်။ ဒေးဗစ်အဖေ ဂျိုနာသန်နဲ့ မိတ်ဆွေတွေကတော့ အမူမှန်ပေါ်ဖို့အတွက် ကြိုးစားကြရင်း တဖက်ကတရားခံဟာ သြဇာအာဏာကြီးမားတဲ့အသိုင်းအဝိုင်းကမှန်း သိလာရပြီး တရားမျှတမှုရဖို့အတွက် ကြိုးစားကြရပုံကို မှတ်တမ်းရုပ်သံဇာတ်လမ်းပုံစံအတိုင်း ရိုက်ကူးပေးထားတဲ့ ဖြစ်ရပ်မှန် အင်ဒိုဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်