Memory of a Killer (2026) S1 ++++++++++++ အပိုင်း ( ၁ မှ ၁၀ ) အထိ စ / ဆုံး ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၃ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ဘယ်လ်ဂျီယံ ရုပ်ရှင် The Memory of a Killer (De Zaak Alzheimer) ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crime Thriller ဇာတ်လမ်းတွဲအသစ် ဖြစ်ပါတယ်။ မင်းသားကြီး Liam Neeson ရိုက်ခဲ့တဲ့ Memory (2022) ရုပ်ရှင်နဲ့ ဇာတ်လမ်းသွားတူပေမဲ့ ဒီစီးရီးမှာတော့ Grey’s Anatomy မင်းသားကြီး Patrick Dempsey က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ Angelo Doyle (Patrick Dempsey) ဆိုတာက ဘဝနှစ်ခုကို တစ်ပြိုင်နက်တည်း နေထိုင်နေတဲ့သူပါ။ အပြင်လောကမှာတော့ သူဟာ မိတ္တူကူးစက် (Photocopier) အရောင်းစာရေး၊ သမီးဖြစ်သူကို အရမ်းချစ်တတ်တဲ့ ဖခင်ကောင်းတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့ရဲ့ တကယ့် နောက်ကွယ်က ဘဝမှန်ကတော့ ထိပ်တန်းအဆင့်ရှိတဲ့ ကြေးစားလူ-တ်သမား (Hitman) တစ်ယောက် ဖြစ်နေပါတယ်။ သူဟာ ဒီဘဝနှစ်ခုကို ဘယ်သူမှ မရိပ်မိအောင် နှစ်ပေါင်းများစွာ ထိန်းထားနိုင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျလာပါတော့တယ်။ အဲဒါကတော့ သူ့အစ်ကိုဖြစ်သူ ခံစားခဲ့ရသလိုပဲ သူကိုယ်တိုင်လည်း "အယ်လ်ဇိုင်းမား" (Alzheimer's) လို့ခေါ်တဲ့ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ စတင်ခံစားလာရတာပါပဲ။ လူ-တ်သမားတစ်ယောက်အတွက် မှတ်ဉာဏ်ဆိုတာ အသက်တမျှ အရေးကြီးပါတယ်။ အလုပ်ကိစ္စတွေ လွဲချော်လာသလို၊ အတိတ်က အဖြစ်အပျက်တွေလည်း တဖြည်းဖြည်း ဝေဝါးလာတဲ့အချိန်မှာပဲ... သူ့ဇနီးသည် သေဆုံးခဲ့ရတာက မတော်တဆမှု မဟုတ်ဘူးဆိုတာကို သတိထားမိလာပါတယ်။ ဒါ့အပြင် သူ့ရဲ့ တစ်ဦးတည်းသော ကိုယ်ဝန်သည် သမီးလေးကပါ ရန်သူတွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါမှာတော့... Angelo တစ်ယောက် သူ့မှတ်ဉာဏ်တွေ လုံးဝပျောက်ကွယ်မသွားခင်မှာ သူ့မိသားစုကို ကာကွယ်ဖို့နဲ့ သူ့ဇနီးသည်ကို -တ်သွားတဲ့ တရားခံကို ရှာဖွေဖို့အတွက် အချိန်နဲ့အပြိုင် အသက်လု လှုပ်ရှားရတော့မယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ Size – 651MB / 361MB Quality –WEB-DL 1080p HEVC / 720p Episodes - 10 Eps Duration - 1h Subtitle – Myanmar Hardsub Format – mkv /mp4 Genre : Action , Crime , Drama , Thriller
ဇာတ်ကားကြည့်ရန်