My Mom Jayne (2025) IMDb Rating (8.3) / Rotten Tomatoes (100%) ၁၉၅၀ နဲ့ ၆၀ ပြည့်လွန်နှစ်တွေမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ မင်းသမီး Jayne Mansfield ရဲ့ အောင်မြင်မှုတွေ၊ သူမရဲ့ ပါရမီနဲ့ သူမ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို တင်ဆက်ထားတဲ့ Biographical Documentary ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Mariska ဟာ သူမ အသက် ၃ နှစ်အရွယ်မှာတင် မိခင်ဖြစ်သူကို မော်တော်ကားမတော်တဆမှုနဲ့ ဆုံးရှုံးခဲ့ရတာပါ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ Mariska ဟာ သူမရဲ့မိခင်ကို လူတွေသိထားတဲ့ "Sex Symbol" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆွဲထုတ်ပြီး၊ ဉာဏ်ရည်ထက်မြက်တဲ့၊ ဘာသာစကား ၅ မျိုးပြောနိုင်တဲ့၊ တယောနဲ့ စန္ဒယားကို ကျွမ်းကျင်စွာတီးခတ်နိုင်တဲ့ ခေတ်ရှေ့ပြေး အမျိုးသမီးတစ်ဦးအဖြစ် ဂုဏ်ပြုတင်ဆက်ထားပါတယ်။ ဇာတ်ကားထဲမှာ အရင်က လူမမြင်ဖူးသေးတဲ့ မိသားစု ဗီဒီယိုမှတ်တမ်းဟောင်းတွေနဲ့ သူမရဲ့ မောင်နှမတွေဖြစ်တဲ့ Zoltán နဲ့ Mickey Jr. တို့ရဲ့ ရင်ဖွင့်သံတွေကိုပါ ထည့်သွင်းထားပြီးဟောလိဝုဒ်ရဲ့ ပြိုင်ဘက်ကင်း အိုင်ကွန်တစ်ခုဖြစ်ခဲ့တဲ့ Jayne Mansfield ရဲ့ ဘဝနဲ့ အမွေအနှစ်တွေကို သမီးဖြစ်သူရဲ့ အမြင်နဲ့ ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ File size… (4.8 GB) / (1.7 GB) / (1.1 GB) Quality…. WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary Duration…. 01:46:41 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်