Ainsley McGregor Mysteries: A Case for the Watchmaker (2026) IMDb Rating (7.2) လူကြိုက်များလှတဲ့ Cozy Mystery ရုပ်ရှင်စီးရီးရဲ့ ဒုတိယမြောက်ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Candace Havens ရဲ့ နာမည်ကြီးစာအုပ်စီးရီးကို အခြေခံထားပြီးပထမကား (A Case for the Winemaker) ရဲ့အဆက်လို့ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ Texas ပြည်နယ်၊ Sweet River မြို့လေးကို ပြန်ရောက်လာပြီးနောက် သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း "Bless Your Heart" ကို အောင်မြင်အောင် လုပ်ကိုင်နေတဲ့ ရာဇဝတ်မှုလေ့လာသူဟောင်း Ainsley McGregor အကြောင်းပါ။ မြို့လေးမှာ အေးအေးဆေးဆေး နေထိုင်နေရင်းကနေ တစ်နေ့မှာတော့ မြို့က နာမည်ကြီး နာရီလုပ်သူ (Watchmaker) တစ်ယောက် ထူးဆန်းစွာ သေဆုံးသွားတာကို တွေ့ရှိရပါတယ်။ အဲဒီသေဆုံးမှုဟာ မတော်တဆမှုလိုမျိုး ထင်ရပေမဲ့ Ainsley ရဲ့ အမြင်မှာတော့ဒါဟာစနစ်တကျ ကြံစည်ထားတဲ့ လူသတ်မှုတစ်ခု ဖြစ်နေပါတယ်။ သူမဟာ သူမရဲ့ အမှုစစ်စွမ်းရည်တွေကို အသုံးချပြီး နာရီစက်ကွင်းတွေကြားက ဖုံးကွယ်ထားတဲ့ အမှန်တရားကိုဘယ်လိုရှာဖွေမလဲဆိုတာကို ပဟေဠိဆန်ဆန်ကြည့်ရမှာဖြစ်ပြီး Hallmark ကားတွေရဲ့ ထုံးစံအတိုင်း သွေးထွက်သံယို သိပ်မပါဘဲ ရိုက်ပြထားတဲ့ စုံထောက်ကားကောင်းလေးပါ။ File size… (1.1 GB) / (700 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Mystery,TV Movie Duration…. 01:28:20 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်