မကြာသေးခင်ကမှ ထွက်ရှိထားပြီး အမေရိကန် action, comedy စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကျောရိုးကတော့ အမေရိကန်တို့ရဲ့ထုံးစံအတိုင်း ပစ်မယ်ခတ်မယ်၊ ကမ္ဘာကြီးကိုကယ်တင်မယ်၊ ကြားထဲက အရွှန်းလေးတွေ ဖောက်မယ်ပေါ့ဗျာ။ သို့ပေမဲ့လည်း ဒီစီးရီးလေးကို 1994ခုနှစ်က ဒါရိုက်တာကြီး James Cameron စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး မင်းသားကြီး Arnoldပါဝင် သရုပ်ဆောင်ခဲ့တဲ့ True Liesဆိုတဲ့ ရုပ်ရှင်အပေါ် မှီငြမ်းထားတာပါ။ ဒီမှာ တစ်ခု သတိထားမိတာက Japan anime industryထဲက Spy x familyနဲ့လည်း တချို့တစ်နေရာမှာ ခပ်ဆင်ဆင်လေး သွားတူနေတယ်ဆိုတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Harry Taskerဟာ ကွန်ပျူတာ အရောင်းစာရေးလေးအဖြစ် အသွင်ယူထားတဲ့ နိုင်ငံ့ထိပ်တန်း သူလျှိုအဖွဲ့အစည်းတစ်ခုက သူလျှိုတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ်ထောင်ရက်သား ကျပြီးလို့ ၁၇နှစ်အကြာ သားသမီးတွေ ထွန်းကားပြီးတာတောင်မှ သရုပ်မှန်ကို အခုထိပိပိရိရိ ဖုံးကွယ်ထားနိုင်ဆဲပါ။ တစ်ဖက်မှာလည်း ဇနီးဖြစ်သူ Helenအနေနဲ့ Harryရဲ့ အချိန်မတိကျမှုတွေ အလုပ်ကိစ္စဆိုပြီး မကြာခဏ ရက်တိုခရီးထွက်တာတွေအပေါ် သင်္ကာမကင်း စဖြစ်လာပါတော့တယ်။ အဲဒီလိုနဲ့ပဲ သရုပ်မှန်မပေါ်ချင်သလို အိမ်ထောင်ရေးပြဿနာလည်း မတက်ချင်တဲ့ Harryခမျာ ကြံရာမရတဲ့အဆုံး လံကြုပ်ဇာတ်ခင်းပြီး စစ်ဆင်ရေးထွက်ရမဲ့ ပဲရစ်မြို့ကို ဇနီးဖြစ်သူကိုပါ ခေါ်ချလာပါတော့တယ်။ ကံခေချင်တော့ စစ်ဆင်ရေးမှာလွဲချော်ပြီး နှစ်ယောက်လုံး အဖမ်းခံလိုက်ရကာ အန္တရာယ်တွေ ဝိုင်းနေတဲ့ကြားက သရုပ်မှန်ကို ဇနီးဖြစ်သူ သိသွားတဲ့အခါမှာတော့... အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre..... Action & Adventure Quality…. 1080p File size…700MB Format… mp4 Duration….43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... August, Aaron
ဇာတ်ကားကြည့်ရန်