Day Shift
ဘက်ဒ်ဟာ သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ ထုတ်ပယ်ခံထားရပြီး တစ်ကိုယ်တော် အလုပ်လုပ်နေတဲ့ မုဆိုးတစ်ယောက်ပါ။ သူတို့လို မုဆိုးတွေက သွေးစုပ်ကောင်တွေကို သတ်ပြီး အစွယ်တွေ နှုတ်ရောင်းရင်း အသက်မွေးကြတယ်။ မှောင်ခိုဈေးမှာတော့ ဈေးနှိမ်ခံရပြီး သမဂ္ဂဝင်ဖြစ်မှ ဈေးကောင်းရသလို အာမခံလည်း ရပါတယ်။ ဘက်ဒ်က ဒီအလုပ်ကို လျှို့ဝှက်လုပ်နေတာကြောင့် ဇနီးနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေရေးကြေးရေးလည်း အဆင်မပြေဘူး။ တစ်နေ့မှာ ဇနီးက ကလေးကျောင်းလခအတွက် ဒေါ်လာ ၅၀၀၀ နဲ့ သွားထိန်းအစွပ်လုပ်ဖို့ နောက်ထပ် ဒေါ်လာ ၅၀၀၀ လိုတယ်လို့ ပြောလာပါတယ်။ ဒါနဲ့ ဘက်ဒ်လည်း သမဂ္ဂထဲ ပြန်ဝင်ခွင့်ရဖို့ ကြိုးစားပြီး သွေးစုပ်ကောင်များများ သတ်ကာ ငွေရှာဖို့ လုပ်လာတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်က ဩဇာရှိတဲ့ မိသားစုတစ်စုနဲ့ ဆွေမျိုးတော်နေပါတယ်။ အဲဒီမိသားစုက လက်စားချေဖို့ သူ့နောက်လိုက်လာတဲ့အခါ ငွေရှာနေတဲ့ ဘက်ဒ်အတွက် အန္တရာယ်ပါ တိုးလာတယ်။ ဂျေမီဖောက်စ်က ဘက်ဒ်အဖြစ် သရုပ်ဆောင်ထားပြီး စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့လည်း ပါဝင်တဲ့ အက်ရှင်ဟာသဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း