The Love Hypothesis (2026) IMDb Rating (7.3) / Rotten Tomatoes (76%) ဒီဇာတ်ကားလေးကတော့ တက္ကသိုလ်က ဆရာနဲ့ ဂုဏ်ထူးတန်းကျောင်းသူလေးတို့ ဟန်ဆောင်တွဲကြတဲ့ အချစ်စမ်းသပ်ချက်လေးကို ရင်ခုန်အူမြူးစွာနဲ့ စောင်ကိုက်ပြီး ကြည့်ရမဲ့ အချစ်ဟာသဇာတ်မြူးလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဖေအရင်းကိုလည်း မသိ၊ အမေ့တစ်ယောက်တည်းနဲ့ ကြီးပြင်းလာရတဲ့ အိုလစ်ဗ်ဆိုတဲ့ ကောင်မလေးဟာ အမေဖြစ်သူ ပန်ကရိယကင်ဆာနဲ့ ဆုံးပါးသွားပြီးတဲ့နောက်မှာ အဲဒီရောဂါကို ကုသနိုင်မဲ့ နည်းလမ်းကို ကြိုးစားရှာဖွေနေတဲ့ သိပ္ပံပညာရှင်လောင်း ဂုဏ်ထူးတန်းကျောင်းသူလေး ဖြစ်လာပါတော့တယ်။ ဖြစ်ပုံက တက္ကသိုလ်မှာ မိသားစုလိုခင်ရတဲ့ သူငယ်ချင်းကောင်မလေး အန်းနဲ့ သူက ကြိတ်ကြွေဖူးတဲ့ ဂျယ်ရမီဆိုတဲ့ကောင်လေးက အချင်းချင်းကြိုက်နေကြပေမဲ့ အန်းက သူငယ်ချင်းစည်းကို မဖောက်ဖျက်ချင်တဲ့အတွက် အဆင့်မတက်ကြတာကို အိုလစ်ခမျာ တွဲလည်းတွဲစေချင်၊ ပြောရလည်းခက်နေလို့ အကြံအိုက်နေရပါတယ်။ တစ်ဖက်မှာတော့ ဒေါက်တာ အက်ဒမ်ဟာ ကျောင်းသူကျောင်းသားတွေအပေါ် စည်းကမ်းတင်းကြပ်၊ ဆိုးဝါးလွန်းလို့ နတ်ဆိုးဆရာလို့ ကျောင်းမှာ အမည်တွင်နေပြီးတော့ သူဟာ သူ့ရဲ့ စမ်းသပ်ချက်ကို ရှေ့ဆက်နိုင်ဖို့အတွက် ရံပုံငွေ ထပ်မရတော့ဖို့ အလားအလာများနေတဲ့အတွက် အခက်တွေ့နေသူပါ။ ဘာလို့ဆို သူဟာ ကျောင်းမှာ စာသင်နေတဲ့တလျှောက်လုံး ဘယ်သူနဲ့မှ ထဲထဲဝင်ဝင် မပေါင်းသလို အခြေတကျလည်း မရှိတဲ့အတွက် ကော်မတီက ရံပုံငွေပမာဏအများကြီး ချပေးလိုက်ရင် ထွက်ပြေးသွားမှာ စိုးနေတာပါ။ ဒီတော့ ဒုက္ခကိုယ်စီနဲ့ အိုလစ်ဗ်ဆိုတဲ့ ကျောင်းသူနဲ့ အက်ဒမ်ဆိုတဲ့ ဆရာတို့ ဘယ်လိုအကြောင်းဖန်လို့ ဟန်ဆောင်တွဲဖြစ်သွားမလဲ၊ ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်ရမလဲ၊ တကယ်ရော ချစ်မိသွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (7.6 GB) / (2.1 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Romance Duration…. 01:53:07 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်