မှုခင်းနဲ့ အက်ရှင်စုံထောက် (Crime Thriller) ဇာတ်ကားတွေရဲ့ စံပြဖခင်ကြီးလို့ တင်စားရမယ့်၊ အော်စကာဆု (၅) ဆုတိတိ သိမ်းပိုက်နိုင်ခဲ့တဲ့ ၁၉၇၁ ခုနှစ်ထွက် ဂန္ထဝင် ဇာတ်ကားကြီး "The French Connection (၁၉၇၁)" ကို ဒီနေ့မှာ တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကြီး William Friedkin ရိုက်ကူးပြီး မင်းသားကြီး Gene Hackman ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုတွေနဲ့ ရုပ်ရှင်သမိုင်းတစ်လျှောက် အမိုက်စား ကားမောင်းလိုက်လံဖမ်းဆီးမှုတွေကို မြင်တွေ့ရမယ့် Masterpiece ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းဟာ နယူးယောက်မြို့ရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲစုံထောက်နှစ်ဦးဖြစ်တဲ့ ဂျင်မီ 'ပေါ့ပ်အိုင်း' ဒွိုင်းလ် နဲ့ သူ့ရဲ့ တွဲဖက် ဘတ်ဒီ ရူဆို တို့ကနေ စတင်ပါတယ်။ သူတို့နှစ်ဦးဟာ လမ်းဘေးက မူးယစ်ဆေးဝါး ရောင်းဝယ်သူလေးတွေကို လိုက်လံဖမ်းဆီးရင်းနဲ့ ပြင်သစ်နိုင်ငံ မာဆေးလ် ကနေ အမေရိကန်နိုင်ငံထဲကို ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ဘိန်းဖြူ (Heroin) အမြောက်အမြား တင်သွင်းမယ့် မှောင်ခိုဂိုဏ်းကြီးတစ်ခုရဲ့ သဲလွန်စကို ရရှိသွားပါတယ်။ ဒီမှောင်ခိုလုပ်ငန်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူကတော့ ပြင်သစ် လူချမ်းသာ ရာဇဝတ်သားကြီး အလိန်း ရှာနီယာ ဖြစ်ပါတယ်။ စည်းကမ်းဘောင်တွေကို သိပ်ဂရုမစိုက်တတ်ဘဲ ခေါင်းမာပြီး အမှုလိုက်ရာမှာ အလွန်အမင်း စွဲလမ်းတတ်တဲ့ စုံထောက် ပေါ့ပ်အိုင်း တစ်ယောက် ဉာဏ်များပြီး အကွက်စေ့တဲ့ ရှာနီယာကို ဖမ်းဆီးဖို့ နယူးယော
ဇာတ်ကားကြည့်ရန်