ဇာတ်ကားများ ရွေးရန်

ZombieCON Vol. 1

2025ဇာတ်ကားအမှတ် 5.5/10110 မိနစ်

ZombieCON Vol. 1 [2025] +++++++++++++ ပိတ်ရက်မှာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ရမယ့် Horror-Comedyဇာတ်ကားကောင်းတစ်ခုကို ရှာနေတယ်ဆိုရင် ဒီဇာတ်ကားလေးက လက်လွှတ်မခံသင့်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်.... Los Angeles မြို့မှာ ကျင်းပတဲ့ Cosplay ပွဲတော်တစ်ခုမှာ ဆုရရှိခဲ့ကြတဲ့ စိတ်တူကိုယ်တူ ရော့ကက်သူငယ်ချင်းတစ်စုဟာ ပွဲပြီးချိန်မှာ ရပ်ကွက်ထဲက လူဆိုးမိုက်ရိုင်းသူတွေရဲ့ အနိုင်ကျင့်နှောင့်ယှက်မှုကို ခံလိုက်ရပါတယ်။ ဒီလို အနိုင်ကျင့်ခံရလို့ စိတ်တိုဒေါသထွက်နေကြတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က ဝယ်လာခဲ့တဲ့ ရှေးဟောင်းအဆောင်လက်ဖွဲ့တစ်ခုကို ကိုင်ပြီး အမှတ်မထင် ဆုတောင်းလိုက်မိပါတယ်။"ကမ္ဘာပေါ်မှာ ရှိတဲ့ မိုက်ရိုင်းဆိုးသွမ်းတဲ့သူတွေအကုန်လုံး ဇွန်ဘီတွေ ဖြစ်သွားပါစေ..." လို့ ဒေါသတကြီး ဆုတောင်းလိုက်မိရာကနေ တကယ်ပဲ မြို့တစ်မြို့လုံးမှာ ဇွန်ဘီကပ်ဆိုးကြီး စတင်ဖြစ်ပွားလာပါတော့တယ်။ ဒီလိုနဲ့ ပွဲအတွက် ဝတ်ဆင်ထားကြတဲ့ Cosplayဝတ်စုံ စုံစုံလင်လင်နဲ့ Katana ဓားတွေ၊ အကာအကွယ်ပစ္စည်းတွေကို ကိုင်စွဲပြီး ဇွန်ဘီတွေပြည့်နှက်နေတဲ့ မြို့ကြီးထဲမှာ အသက်စွန့်ကာ ရုန်းကန်ရှင်သန်ကြရပုံကို ဟာသနှောပြီး ရိုက်ကူးပြသထားပါတယ်.... File Size… (2.00GB) / (1.14GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 50m Genre …Horror, Action, Comedy Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း