The Land That Time Forgot 2025 ဒီဇာတ်ကားဟာ Edgar Rice Burroughs ရဲ့ ၁၉၁၈ ခုနှစ်က နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး၊ ၂ ၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ မှာရုံတင်ပြသခဲ့ပါတယ်။ သိပ္ပံစိတ်ကူးယဉ် (Sci-Fi)၊ အက်ရှင် (Action)၊ စွန့်စားခန်း (Adventure) အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ခေတ်သစ်နဲ့ လိုက်ဖက်အောင် အနည်းငယ်ပြောင်းလဲထားပါတယ်။ မူရင်းစာအုပ်နဲ့ ၁၉၇၄ ခုနှစ် ဇာတ်ကားတွေမှာလို ပထမကမ္ဘာစစ်အတွင်း ဇာတ်အိမ်မဟုတ်တော့ဘဲ၊ ခေတ်သစ်ကာလ ဩစတြေးလျ ရေတပ်နဲ့ ရုရှားရေငုပ်သင်္ဘောအဖွဲ့သားတွေနဲ့ ပုံဖော်ထားပါတယ်။ ဒိုင်နိုဆောဇာတ်ကားကြိုက်သူတွေအတွက်: "Jurassic Park" လို ဇာတ်ကားမျိုးတွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ဒီဇာတ်ကားမှာ ဒိုင်နိုဆောတွေနဲ့ အက်ရှင်ခန်းတွေကို ကောင်းမွန်တဲ့CGI နဲ့ တင်ဆက်ပေးထားတာကို တွေ့ကြရပါမယ်။ ဒါရိုက်တာ Anthony Frith ဖြစ်ပြီး နာမည်ကျော် သရုပ်ဆောင်တွေကတော့ Michael Paré, Lauren Koopowitz, Jack Pearson, Michelle Bauerနဲ့ Bix Krieger တို့ပဲဖြစ်ကြပါတယ်။ ဒီဇာတ်ကားဟာ CGI နဲ့ ရိုက်ကူးထားတာဖြစ်ပြီး၊ အရင် Asylum ကုမ္ပဏီရဲ့ ဇာတ်ကားတွေထက် နည်းနည်း ပိုကောင်းမွန်တယ်လို့ လည်း သုံးသပ်ထားကြပါတယ်။ ဇာတ်လမ်း အကျဉ်း ကမ်းခြေနဲ့ မိုင်ပေါင်းထောင်ချီဝေးကွာတဲ့ ဘဲရင့်ပင်လယ် (Bering Sea) ထဲမှာ ဩစတြေးလျပြုပြင်ရေးသင်္ဘောသားတွေကို ရုရှားရေငုပ်သင်္ဘောက
ဇာတ်ကားကြည့်ရန်