Netflixကနေပြီးတော့ ကြည့်လို့ကောင်းတဲ့ နောက်ထပ် spin off seriesလေးတစ်ခုတင်ဆက်လိုက်ပြန်ပါပြီ။ မူရင်း Scott Pilgrim Comicကိုအခြေခံကာ adventure action animationစီးရီးအဖြစ်ထွက်ရှိလာတာဖြစ်ပြီး အသံသရုပ်ဆောင်ပေးထားတဲ့ actorsတွေကလည်း ၂၀၁၀ခုနှစ်က Scott Pilgrim vs. the Worldဇာတ်ကားထဲက သရုပ်ဆောင်တွေပါပဲ။ ဆိုတော့ကပ္ပတိန်အမေရိကChris Evans၊ကပ္ပတိန်မာဗယ် Brie Larsonစတဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်တွေလည်းပါတာပေါ့။ ဇာတ်လမ်းအကျဥ်းကို ဆက်ကြပါစို့...။ Scott Pilgrimဆိုတာကတော့ Ramona Flowersဆိုတဲ့ ကောင်မလေးကို ကြိုက်မိတဲ့ အလုပ်အကိုင်မရှိနဲ့ဂစ်တာတီးဝိုင်းက ကောင်လေးတစ်ယောက်ပါ။ ဘယ်လောက်ကြိုက်မိလဲဆိုရင် အိပ်မက်ထဲအထိတောင် ထည့်မက်ရအောင်ကြိုက်ပါတယ်။ သူအဲ့လောက်ကြိုက်မယ်ဆိုရင်လည်း ကြိုက်ချင်စရာပဲဗျ... ဘာလို့ဆို anmiatedပုံစံနဲ့ Ramonaလေးက အတော်ကို ချစ်စရာကောင်းတဲ့ပုံစံလေးပါ။ သို့ပေမယ့် ဒီကောင်မလေးကို လွယ်လွယ်နဲ့ကြိုက်ချင်တိုင်း ကြိုက်လို့မရအောင် လိုက်နှောင့်ယှက်တဲ့သူတွေရှိနေပါတယ်...။ သူတို့တွေကတော့ Ramonaရဲ့ ရည်းစားဟောင်း ဇိုး၇ယောက်နဲ့ ဖွဲ့စည်းထားပြီး ရှေ့လူထက်နောက်လူ လက်စွမ်းထက်တဲ့ ရည်းစားဟောင်းဇိုးများအဖွဲ့ပဲဖြစ်ပါတယ်။ Ramonaကို ကြိုက်ချင်ရင် ဒီရည်းစားဟောင်း ဇိုး၇ယောက်ကို အနိုင်ယူပြီးမှ ကြိုက်လို့ရပါမယ်...။ ဒီတော့ Scott Pilgrimတစ်ယောက် Ramonaနဲ့လက်တွဲနိုင်ဖို့အတွက် ရည်းစားဟောင်းဇိုးများအ
ဇာတ်ကားကြည့်ရန်