Fire Force Season 1 IMDB – 7.6/10, MyAnimeList – 7.7/10 နောက်ပိုင်းလက်သစ် Shounen Anime တွေထဲ JJK တို့ MHA တို့ Kimetsu no Yaiba တို့လိုမျိုး အမိုက်စားတစ်ကောင် ရှိပါသေးတယ် အဲဒါကတော့ ဒီ Fire Force (Enen no Shouboutai) ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ဖွဲ့စည်းမှုကောင်းတယ် Animation လည်း ကြမ်းတယ် ပါဝါဘာညာတွေကလည်း ပုံမှန် နတ်ဆိုးတွေ မကောင်းဆိုးရွားတွေမဟုတ်တော့ပဲ လူတွေအလိုအလျောက် မီးလောင်ပြီး ငရဲမီးနတ်ဆိုး (Infernal) ဆိုတာ ဖြစ်သွားတာကို မီးသတ်သမားပုံစံနဲ့ တိုက်ခိုက်ငြိမ်းသတ် ဖြေရှင်းရတာမျိုး။ Animation ကလည်း ကြမ်းဆို Jo Jo Series တွေကို ကိုင်ပေးလာတဲ့ David Production ဖြစ်နေပြန်သေးတယ်ဗျာ။ ဒီတော့ မီးပါဝါတွေနဲ့ ချကြတဲ့ အက်ရှင်ခန်းတွေက ကြွနေရော။ ကဲ ဒီတော့ ဇာတ်လမ်းအကျဉ်းချုပ်လေး ရှင်းပြမယ်။ သူတို့တည်ထားတဲ့ကမ္ဘာမှာ လူတွေက တစ်ခါတလေ အလိုအလျောက် မီးထထလောင်ပြီး ငရဲမီးနတ်ဆိုး (Infernal) ဆိုတာတွေ ဖြစ်သွားတတ်တယ်။ အသိစိတ်မဲ့ပြီး တွေ့ရာတိုက်ခိုက်ကြတာပေါ့။ အဲဒါကို ရိုးရိုးမီးသတ်မဟုတ်ပဲ မီးသတ်စစ်သားဆိုတဲ့အဖွဲ့တွေက လိုက်ပြီး သရဲအပနှင်ပေးသလိုမျိုး ဖြေရှင်းပေးရတာ။ ဒီမှာ မီးပါဝါနဲ့ ပတ်သက်ပြီး သူက မျိုးဆက် ၃ မျိုး ခွဲသွားတယ်။ ပထမမျိုးဆက်က အသိစိတ်လွတ်ပြီး ငရဲမီးနတ်ဆိုး (Infernal) ဖြစ်သွားတယ် ဒုတိယမျိုးဆက်ကျ ရှိနေပြီးသား မီးတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ် ဒါပေမဲ့
ဇာတ်ကားကြည့်ရန်