The Princess and the Frog (2009) (4K) IMDB : 7.2 Rotten Tomatoes : 86% Genre : Family / Musical “မင်းသမီးလေးနှင့်ကိုရွှေဖား” ရုပ်ရှင်က Disney ရဲ့ အကောင်းဆုံး Animation တွေထဲကတစ်ခုဖြစ်ပါတယ်။ ပြောရရင်တော့ ဒီရုပ်ရှင်က ဇာတ်လိုက် တီယာနာနဲ့ မင်းသားတို့ထက် လော့တီကြောင့် ဇာတ်ကကြွတယ်လို့ပြောရရင် ပိုမှန်ပါလိမ့်မယ်။ “Spoiled but not Rotten” ဆိုတဲ့ စကားဟာ လော့တီကို တမင်ရည်ညွှန်းထားတယ်လို့တောင်ထင်ရလောက်အောင် ဖြစ်သွားစေတဲ့ ဇာတ်ကောင်တစ်ခုလည်းဖြစ်ပါတယ်။ တော်တော်လေးလည်းရယ်ရပြီး တော်တော်လေးလည်း သဘောကျစရာကောင်းတဲ့ Fairy Tale ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ကလေးမလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်က လော့တီ။ သူက လိုချင်တာမှန်သမျှရတယ်။ ရွှေပေါ်မြတင်နေရတဲ့ လိုတရ သူဌေးသမီးလေးတစ်ယောက်။ သူ့မှာသူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက တီယာနာ။ တီယာနာကတော့ ဆင်းရဲတယ်။ လိုချင်တာရဖို့ ဘဝကိုတိုက်ပွဲဝင်ရတဲ့ မိသားစုမှာမွေးဖွားခဲ့တဲ့ ကလေးမလေး။ သူ့အဖေမှာ စိတ်ကူးတစ်ခုရှိတယ်။ အဲဒါကတော့ စားသောက်ဆိုင်လေးဖွင့်မယ်။ သူတို့ရဲ့လက်ရာကို တစ်ကမ္ဘာလုံးက လူတွေသူတို့ဆိုင်ကိုလာမယ်ပေါ့။ ဒါပေမဲ့ သူက အိမ်မက်တွေကို မတွေ့ခင် သေမင်းက သူ့ကိုအရင်ရှာတွေ့ခဲ့တယ်။ ဆိုတော့ သူ့အဖေရဲ့ အိမ်မက်ကိုဖြည့်ဆည်းပေးဖို့က တီယာနာရဲ့ခေါင်းပေါ်ကိုကျလာခဲ့တယ်။ ရသမျှအလုပ်ကိုလုပ်ရင်းနဲ့ စားသောက်ဆိုင်လေးဖွင့်ဖို့ ပိုက်ဆံကိုကြိုးစားစု
ဇာတ်ကားကြည့်ရန်