Tafiti: Across the Desert (2025) ++++++++++++ ဒီတစ်ခါတော့ ကလေးတွေရော လူကြီးတွေပါ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် အန်နီမေးရှင်း ဇာတ်ကားလေးတစ်ကား တင်ပေးထားပါတယ်။ နာမည်ကတော့ "Tafiti: Across the Desert" လို့ခေါ်ပြီး ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတာပါ။ တိရစ္ဆာန်လေးတွေရဲ့ ခင်မင်မှုတွေ၊ စွန့်စားခန်းတွေကို အပျင်းပြေ ကြည့်ရှုရမယ့် မိသားစုကြည့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ++++++++++++ တာဖီတီ (Tafiti) ဆိုတာ အသက် ၁၂ နှစ်အရွယ် မီယာကတ် (meerkat) လေး တစ်ကောင်ပါ။ သူ့အဘိုးက မီယာကတ်တွေဟာ တခြားအကောင်တွေနဲ့ မပတ်သက်ဘဲ ကိုယ့်အမျိုးနဲ့ကိုယ်ပဲ နေရမယ်လို့ တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ထားပါတယ်။ ဒါပေမဲ့ တာဖီတီက အဲဒီစည်းကမ်းတွေကို နားမထောင်ဘဲ ဘရစ်စတယ် (Bristles) လို့ခေါ်တဲ့ တောဝက်လေးတစ်ကောင်ကို အိမ်ခေါ်လာခဲ့တယ်။ ပြဿနာက အဲဒီကစတာပါပဲ။ ဘရစ်စတယ်ကြောင့် မတော်တဆဖြစ်ပြီး အဘိုးကို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က ကိုက်သွားပါလေရော။ အဘိုးက မြွေဆိပ်တက်နေတဲ့ကြားက တခြားအမျိုးအနွယ်တွေနဲ့ ဘယ်တော့မှ မပတ်သက်တော့ဘူးလို့ တာဖီတီကို ကတိတောင်းခဲ့တယ်။ ပြီးတော့ ဒဏ်ရာဟောင်း၊ ဒဏ်ရာသစ် အားလုံးကို ပျောက်ကင်းစေနိုင်တဲ့ ဒဏ္ဍာရီလာ ပန်းပြာလေးတစ်ပွင့် အကြောင်းကို ပြောပြပါတယ်။ ဒါနဲ့ပဲ အဘိုးကို ကယ်တင်ဖို့အတွက် တာဖီတီတစ်ကောင်တည်း သဲကန္တာရထဲကို ဖြတ်ပြီး အဲဒီ ပန်းပြာလေးကို ရှာဖို့ ထွက်လာခဲ့ပါတော့တယ်။ ဘရစ်စတယ်ကလည်း သူလ
ဇာတ်ကားကြည့်ရန်