Dolly (2026) ဒီဇာတ်ကားကို ဒါရိုက်တာ ရော့ဒ် ဘလက်ခ်ဟတ်စ်က ရိုက်ကူးထားတာပါ။ သူက အမန်ဒါ နော့စ် မှတ်တမ်းရုပ်ရှင်၊ ဘလက်ဒ် ဖော် ဒတ်စ် လို ကားတွေနဲ့ နာမည်ကြီးတဲ့သူပေါ့။ ဒီကားကို ၂၀၂၅ စက်တင်ဘာလက ဖန်တက်စတစ် ပွဲတော်မှာ စပြခဲ့ပြီး ၂၀၂၆ မတ်လမှာ ရုံတင်ပြသခဲ့ပါတယ်။ ဇာတ်ကားရဲ့ အဓိက Theme ကတော့ ၁၉၇၀ ပြည့်လွန်နှစ်တွေက အမေရိကန် ဟော်ရာကားတွေရဲ့ အငွေ့အသက်ကို ယူထားတဲ့ သွေးထွက်သံယို ဇာတ်ကွက်တွေနဲ့ ဖန်တီးထားတဲ့ ဇာတ်ကားမျိုးပါပဲ။ အဓိက ဇာတ်ကောင် မေစီ နေရာမှာ မင်းသမီး ဖေဘီယန် တရီစ် က သရုပ်ဆောင်ထားပြီး သူက John Dies at the End လို ကားတွေနဲ့ လူသိများပါတယ်။ လူသတ်ကောင် ဒေါလီ နေရာမှာတော့ ပရိုနပန်းသမား မက်စ် သီ အင်ပေးလား က သရုပ်ဆောင်ထားပါတယ်။ နောက်ထပ် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ အမေရိကန် ပိုင် ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ ရှောင် ဝီလီယံ စကော့တ် နဲ့ The Wolf of Wall Street ကားထဲက အီသန် ဆပ်ပလီ တို့လည်း ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း မေစီဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ မထင်မှတ်ဘဲ ကြောက်စရာကောင်းတဲ့ လူသတ်သမားကြီးဆီမှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီပြန်ပေးသမားကြီးက မေစီ့ကို သူ့ရဲ့ ကိုယ်ပိုင်ကလေးတစ်ယောက်လို မွေးစားဖို့ ကြံရွယ်ထားတာပါ။ ဒီလို အခြေအနေဆိုးကြီးထဲကနေ မေစီတစ်ယောက် ဘယ်လို ရုန်းထွက်မလဲ၊ ကြောက်စရာကောင်းတဲ့ အတုအယောင် မိသားစုဘဝကြီးကို အသက်လုပြီး ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပါ။
ဇာတ်ကားကြည့်ရန်