The Lies Within (2019) အပိုင်း (၁ မှ ၁၆) စ/ဆုံး စုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် ၂၀၁၉ ခုနှစ်မှာ OCN ရုပ်သံလှိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Mystery - Thriller ဇာတ်လမ်းတွဲလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ စုံထောက်ကားတွေနဲ့ လိုက်ဖက်တဲ့ Behind Your Touch ထဲမှ မင်းသား Lee Min-Ki ၊ Tunnel ထဲမှ Lee Yoo-Young ၊ On Joo-Wan တို့အပြင် Kim Jong-Soo ၊Song Young-Chang ၊ Lee Joon-Hyuk တို့လို ဝါရင့်သရုပ်ဆောင်ကြီးများပါ အားဖြည့်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ဂျိုထယ်ရှစ် (Lee Min-Ki) က တစ်ချိန်က စိတ်အားထက်သန်တဲ့ စုံထောက်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ နေမကောင်းဖြစ်တဲ့အမေနဲ့အတူနေဖို့ နယ်ဘက်ရဲစခန်းကို ပြောင်းရွှေ့ပြီး အေးအေးချမ်းချမ်း နေထိုင်ချင်သူ ဖြစ်ပါတယ် ။ ဒီလိုနဲ့ မပြောင်းရွှေ့ခင်မှာပဲ လွှတ်တော်အမတ်တစ်ယောက် မတော်တဆ သေဆုံးသွားရတဲ့ အမှုတစ်ခုက ဂျိုထယ်ရှစ်ဆီကို ဆိုက်ရောက်လာပါတော့တယ် .. ။ တစ်ဖက်မှာတော့ သေဆုံးသွားတဲ့ လွှတ်တော်အမတ်ရဲ့အငယ်ဆုံး သမီးဖြစ်သူ ဂင်ဆောဟွီ (Lee Yoo-Young) ကတော့ ဖခင်ဖြစ်သူသေဆုံးပြီးနောက်မှာ သူမရဲ့ခင်ပွန်းဖြစ်သူပါ ပျောက်ဆုံးနေတဲ့အတွက် ခင်ပွန်းဖြစ်သူကို ရှာဖို့လုပ်ရင်း ဖခင်ဖြစ်သူရဲ့ အမှုက မတော်တဆမှု မဟုတ်ဘဲ လူသတ်မှု ဖြစ်နေတာကို သိသွားတဲ့အခါမှာတော့.... အပြင်ပန်းမှာတော့ ရိုးရှင်းတဲ့မတော်တဆမှုန
ဇာတ်ကားကြည့်ရန်