Missing the Boat (2026) အန်ဒရူးပါကာဆိုတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဟာ နာမည်ကြီးရင်းနှီးမြှုပ်နှံသူ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ဆီမှာ အပျော်စီးသင်္ဘောလုပ်ငန်းရောင်းဝယ်ရေးကမ်းလှမ်းမှုတစ်ခုကို ဖြစ်ထွန်းအောင် ကြိုးစားနေတဲ့ စာရင်းကိုင်အတွင်းရေးမှူးတစ်ယောက်ဖြစ်ပါတယ်။ တစ်ဖက်မှာ ကယ်လီဆိုတဲ့အမျိုးသမီးကလည်း အဲဒီအပျော်စီးသင်္ဘောရဲ့ ပြစ်ချက်တွေကို ထောင့်မျိုးစုံကနေ ရှာပြီး မှတ်ချက်ပေးရမယ့် စာရင်းစစ်တစ်ယောက်ပါ။ တစ်နေ့ ဒီသဘောတူညီမှုကို အစပျိုးဖို့အတွက် ခရီးတစ်ခုကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ အန်ဒရူးနဲ့ ကယ်လီတို့ထွက်ဖြစ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ အန်ဒရူးနဲ့ ကယ်လီတို့ သင်္ဘောပေါ်မှာ တစ်ယောက်အကြောင်းတစ်ယောက်သေချာမသိသေးဘဲ ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်ပတ်ကြာ ခရီးစဉ်ရဲ့ တစ်ထောက်ဖြစ်တဲ့ အီတလီနိုင်ငံ တစ်ထောက်နားချိန်ရောက်လာတဲ့အခါ အန်ဒရူးက ကယ်လီနဲ့ရင်းနှီးဖို့အတွက် သူ့ကို မြင်းအပျော်စီးဖို့ခေါ်သွားခဲ့ပါတယ်။ သင်္ဘောက နာရီပိုင်းပဲကမ်းဆိုက်တာဖြစ်တဲ့အတွက် အန်ဒရူးဟာ အလျင်စလို စီစဉ်ခဲ့ပေမယ့် စီစဉ်ထားတာတွေ တလွဲဖြစ်သွားတဲ့အခါမှာ ကယ်လီနဲ့အတူတူ သင်္ဘောပေါ်ပြန်မရောက်ဘဲ သောင်တင်သွားကြပါတယ်။ ဒီလိုနဲ့ သင်္ဘောကြီးရဲ့ နောက်တစ်ထောက်နားမယ့် ဆိပ်ကိမ်းကို အပြေးအလွှားလိုက်ကြရင်းနဲ့ အန်ဒရူးနဲ့ ကယ်လီတို့ဟာ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ အကြောင်းဖန်လာပါတော့တယ်။ File size… (2 GB) / (850 MB) Quality…. WEB-DL 1080p HEV
ဇာတ်ကားကြည့်ရန်