Sabrina (1995) IMDb Rating (6.3) Sabrina (1995) ဆိုတဲ့ ဇာတ်ကားလေးကတော့ ၁၉၅၄ ခုနှစ်က နာမည်ကြီး ဂန္ထဝင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားပြီး အချစ်၊ ဟာသနဲ့ ဒရာမာ ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကျော် ဒါရိုက်တာ Sydney Pollack က ရိုက်ကူးထားပြီး အက်ရှင်မင်းသားကြီး Harrison Ford၊ မင်းသမီး Julia Ormond နဲ့ Greg Kinnear တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီကားက ရိုမန်တစ်ဇာတ်ကားတွေထဲမှာ ကြည့်နေရင်းတစ်ဝက်နဲ့ ဇာတ်သိမ်းကိုခန့်မှန်းမမိနိုင်ဘဲရင်ခုန်ပြီးကြည့်ရမှာမလို့ အချစ်ကားကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဉ်း--------- ဇာတ်လမ်းလေးကတော့ သူဌေးကြီးလာရာဘီမိသားစုရဲ့ ခြံဝင်းကြီးထဲမှာနေထိုင်တဲ့ ယာဉ်မောင်းရဲ့ သမီးလေး ဆဘရီးနားဟာ လာရာဘီမိသားစုရဲ့ အငယ်ကောင် ဒေးဗစ်ကို ငယ်စဉ်ကတည်းက စွဲလမ်းပြီး တစ်ဖက်သတ်ချစ်နေခဲ့တာပါ။ ဒါပေမဲ့ ပွေရှုပ်တတ်တဲ့ သူဌေးသားလေး ဒေးဗစ်ကတော့ သာမန်ကောင်မလေး ဆဘရီးနားကို သတိတောင် မထားမိခဲ့ပါဘူး။ ဆဘရီးနားဟာ ဒေးဗစ်ကို စွဲလမ်းလွန်းနေတာကြောင့်ပဲ ဆဘရီးနားရဲ့ မိဘတွေဟာ ဆဘရီးနားကို ပဲရစ်မြို့ကိုသွားပြီး Vogue မဂ္ဂဇင်းမှာ အလုပ်သင်အဖြစ် သွားလုပ်ခိုင်းပါတော့တယ်။ ပဲရစ်ကိုရောက်ပြီးနောက်ပိုင်း ရုပ်ရည်ရော အနေအထိုင်ပါ လှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိ
ဇာတ်ကားကြည့်ရန်