Claire's Knee (1970) IMDB : 7.5 Rotten Tomatoes : 96% Genre : Romance / Comedy Eric Rohmerရဲ့ Six Moral Tales ခြောက်ကားတွဲထဲက တစ်ကားဖြစ်တဲ့ Claire's Kneeဟာ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရသလို ပြင်သစ်မှာ Best Film ဆုတွေလည်း ဘာတွေလည်းရခဲ့တယ်။ တခြားဆုတွေရောပေါ့။ ဆိုပေမဲ့ ဒီလို အကောင်းမြင်တဲ့သူများနေခြင်းဟာ ဒီကားရဲ့ ပြဿနာလည်းဖြစ်နိုင်သလို ဒီကားက မေးခွန်းထုတ်နေတဲ့ Moralရဲ့ အဖြေလည်း ဖြစ်နိုင်တယ်။ သတ်လတ်ပိုင်း ပြင်သစ်လူမျိုးတစ်ယောက်က ပြင်သစ်မှာ မနေဖြစ်တော့ဘူးဆိုပြီး ပြင်သစ်က သူ့ဇာတိက အိမ်ကိုရောင်းဖို့ ပြင်သစ်ကို ခဏပြန်လာခဲ့တယ်။ အဲဒီမှာ သူက သူ့သူငယ်ချင်းစာရေးဆရာမနဲ့ မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ သူ့သူငယ်ချင်းစာရေးဆရာမကလည်း သူရောင်းမယ့် အိမ်နားမှာပဲ လက်ရှိနေနေတာ။ ဒီတော့ အိမ်ကို ရောင်းဖို့စီစဉ်စရာရှိတာ စီစဉ်နေတုန်း တစ်လမှာ သူက အဲဒီအိမ်မှာ သွားနေနေခဲ့တယ်။ အဲဒီလိုနေရင်း သူ့သူငယ်ချင်းရဲ့ အသိရဲ့သမီးတွေနဲ့ သူတွေ့ခဲ့ရတယ်။ ၁၆ ၁၇ ကလေးမလေးတွေပေါ့။ ကလေးမလေးတစ်ယောက်က သူ့ကို သဘောကျနေတာကို သူ့သူငယ်ချင်းစာရေးဆရာမကို သွားပြောပြထားတယ်။ သူလည်းသိနေတယ်။ နောက် ကလေးမတွေနဲ့ သူ့ကြားက ရိုမန့်တစ်လား သာယာမှုလား ဝေဝါးမှုလား ထိန်းကျောင်းမှုလား ပြောရခက်တဲ့အခြေအနေတွေပေါ့။ Claire's Kneeနဲ့ပတ်သက်ပြီး ပီဒိုကားလို့ ပြောကြတဲ့ အမြင်တွေကိုလည်း မြင်ရပေမဲ့ ဟုတ်သလိုလ
ဇာတ်ကားကြည့်ရန်