ဇာတ်ကားများ ရွေးရန်

Ghost Is All Around

2016ဇာတ်ကားအမှတ် 6.2/1094 မိနစ်

ထိုင်းသင်္ကြန်ပိတ်ရက် ၁၁၊ ၁၂၊ ၁၃ ရက်နေ့တွေကို ဇာတ်လမ်းသုံးပုဒ် ခွဲပြီး တင်ဆက်ထားတဲ့ သရဲကားပါ။ သာ့အဖြစ် Weir Sukollawat Kanarot၊ ခက်အဖြစ် Gypso Ariigantha Mahapreukping၊ အော့တ်အဖြစ် Best Nathasit Kotimauswanich နဲ့ မွတ်အဖြစ် Jesse Mekwattana တို့ ပါဝင်ထားပါတယ်။ ၁၁ ရက်နေ့ရဲ့ ဇာတ်လမ်းမှာတော့ အချစ်ရေး မတည်ငြိမ်တဲ့ သာ့က လက်ရှိချစ်သူနဲ့ လမ်းခွဲချင်နေတယ်။ ကောင်မလေးက လက်မခံနိုင်ဘဲ သူနဲ့ပြတ်ရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ်လို့ ခြိမ်းခြောက်လာပါတယ်။ နောက်တော့ ကောင်မလေး တကယ်အဆုံးစီရင်သွားပြီး သာ့ကို ဘယ်လိုလိုက်ခြောက်လှန့်မလဲဆိုတဲ့ ဇာတ်လမ်း ဆက်လာပါတယ်။ ၁၂ ရက်နေ့မှာတော့ မွတ်၊ ဒိန်၊ ကေ၊ အော့တ်တို့ ကျောင်းနေဖက်သူငယ်ချင်းတစ်စုရဲ့ အကြောင်းပါ။ အတူနေအတူစားကြတဲ့ သူတို့ထဲက မွတ် ကားမတော်တဆဖြစ်သွားတဲ့အခါ ကျန်သူငယ်ချင်းတွေက သူသေသွားပြီထင်ပြီး ကြောက်နေကြတယ်။ သူငယ်ချင်းကို ကောင်းရာမွန်ရာ ရောက်စေချင်လို့ နည်းလမ်းရှာကြရင်း ထိတ်လန့်စရာတွေ ဘယ်လိုကြုံရမလဲ။ မွတ်ကရော တကယ်သေသွားတာလား။ ၁၃ ရက်နေ့ရဲ့ ဇာတ်လမ်းက ဂျိန်နဲ့ ခက်တို့ ချင်းမိုင်သင်္ကြန်ကို အတူသွားလည်ဖို့ ချိန်းထားရာက စပါတယ်။ ဂျိန်က လေဆိပ်ကိုအသွား ကားမတော်တဆဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒါပေမယ့် သူ့ကိုယ်သူ သေသွားမှန်းမသိဘဲ ခက်နဲ့အတူ ချင်းမိုင်အထိ လိုက်သွားခဲ့ပါတယ်။ သရဲကြောက်တတ်တဲ့ ခက်က သူ့သူငယ်ချင်း သရဲဖြစ်နေပြီဆိုတာ ဘယ်အချိန်မှာ သိသွားမလဲ၊ သူတို့တည်းတဲ့ ဟိုတယ်မှာရော ဘယ်လိုခြောက်ခြားစရာတွေ ရှိနေမလဲ။

ဇာတ်လမ်းအကြောင်း