Bhediya
ဘေဒီယာဆိုတာ ဝံပုလွေလို့ အဓိပ္ပာယ်ရပါတယ်။ အရုနာကျလ်ပြည်နယ်က တောအုပ်တစ်ခုမှာတော့ တောကို စောင့်ရှောက်နေတဲ့ ဝံပုလွေတစ်ကောင် ရှိတယ်လို့ အဆိုရှိကြတယ်။ တောအုပ်ကို ထိခိုက်အောင်လုပ်သူတွေကို အဲဒီဝံပုလွေက ကိုက်သတ်တယ်လို့လည်း ပြောကြပါတယ်။ ဘာစကရ်က အဲဒီတောထဲမှာ လမ်းဖောက်ဖို့ အလုပ်လက်ခံထားသူပါ။ သူ့ဝမ်းကွဲညီအစ်ကိုနဲ့ သူငယ်ချင်းဂျိုကိုပါ ခေါ်ပြီး ထွက်လာခဲ့တယ်။ ဒါပေမဲ့ မစ္စတာပန်ဒေးကတော့ ဒီလမ်းဖောက်မယ့်အစီအစဉ်ကို သိပ်လက်မခံချင်ဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သလို တောထဲက လူမျိုးစုတွေကလည်း လက်ခံမှာမဟုတ်ဘူးလို့ ယူဆနေတာပါ။ တစ်ညမှာ ဘာစကရ်တို့အဖွဲ့ ကားနဲ့ခရီးသွားရင်း မတော်တဆမှုဖြစ်ပြီး ကားပျက်သွားတယ်။ အဲဒီအချိန် ဘာစကရ်ရှေ့ကို စောင့်ရှောက်သူဝံပုလွေ ရောက်လာပါတယ်။ သူတို့ ဘယ်လိုခြောက်ခြားစရာတွေနဲ့ ကြုံရမလဲ၊ တောထဲလမ်းဖောက်မယ့် အစီအစဉ်ကရော အခက်အခဲတွေကြားမှာ အောင်မြင်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။ ဝါရွန်းဒဝမ်န်နဲ့ ကရီသီးဆနွန်းတို့ ပါဝင်တဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပြီး ရားဂ်ျကူမားရ်ရောဝ်က ဗစ်ကီအဖြစ်၊ ရှရက်ဒါးကပူးရ်က စတရီးဇာတ်ကောင်အဖြစ် အထူးဧည့်သည် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း