ဇာတ်ကားများ ရွေးရန်

Legions

2022ဇာတ်ကားအမှတ် 7.0/1088 မိနစ်

အန်တိုနီယို ပိုဟူဟာ စွမ်းအားကြီးတဲ့ နတ်ဆရာတစ်ယောက်ဖြစ်ပြီး အာဂျင်တီးနားတောအုပ်ထဲမှာ အပနှင်ရင်း အင်အားကြီး နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူချစ်တဲ့ အမန်ဒါနဲ့ အယ်လေနာဆိုတဲ့ သမီးလေးတစ်ယောက် ရခဲ့ပေမယ့် အဲဒီနတ်ဆိုးကြောင့်ပဲ အမန်ဒါ့ကို ဆုံးရှုံးလိုက်ရတယ်။ အဲဒီနောက် သမီးကို သူတစ်ယောက်တည်း စောင့်ရှောက်လာခဲ့တာပါ။ သားအဖနှစ်ယောက် တောထဲကနေ မြို့ပေါ်ကို ပြောင်းလာကြပေမယ့် အန်တိုနီယိုရဲ့အလုပ်ကြောင့် သမီးနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်လာပါတယ်။ နောက်တော့ အပနှင်ရာမှာ အမှားအယွင်းဖြစ်ပြီး လူသေသွားခဲ့လို့ သူကိုယ်တိုင်လည်း စိတ်ကျန်းမာရေးဆေးရုံကို ရောက်သွားတယ်။ သူ ဆေးရုံမှာရှိနေတုန်း အရင်နတ်ဆိုးက ပြန်ပေါ်လာပြီး အယ်လေနာ့ကို ဒုက္ခပေးရုံမက အသက်ကိုပါ ရန်ရှာလာပါတယ်။ ကိုယ်တိုင်က ဆေးရုံထဲ ရောက်နေတဲ့ အန်တိုနီယိုအနေနဲ့ သမီးကို ဘယ်လိုကာကွယ်မလဲဆိုတာ ဆက်တွေ့ရမှာပါ။ ၂၀၂၂ ခုနှစ်က ထွက်ရှိတဲ့ စပိန်စကားပြော စိတ်ကူးယဉ်သရဲကားဖြစ်ပြီး မိစ္ဆာတွေ၊ နတ်ဆိုးတွေ၊ အပနှင်တဲ့အကြောင်းတွေအပြင် လက်တွေ့ဖန်တီးထားတဲ့ အထူးပြုလုပ်ချက်တွေကိုလည်း အသုံးပြုထားပါတယ်။

ဇာတ်လမ်းအကြောင်း