ဇာတ်ကားများ ရွေးရန်

Braindead (or) Dead Alive

1992ဇာတ်ကားအမှတ် 7.4/10103 မိနစ်

Braindead a.k.a Dead Alive (1992) ~ IMDb - 7.5/10, Rotten Tomatoes - 89% ~ King Kong နဲ့ The Lord of The Rings Trilogy အပြင် The Hobbit Trilogy တို့နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး Peter Jackson ရဲ့ ဒါရိုက်တာပေါက်စဘဝက ရိုက်ခဲ့တဲ့ သူ့​ခေတ်သူ့အခါက တစ်မူထူးပြီးနာမည်​ကျော်ခဲ့တဲ့ Horror Comedy ကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ " သတိချပ်​စေချင်တာက​တော့ တချို့အခန်း​တွေက အင်မတန်မှ သွေးထွက်သံယို အသတ်အဖြတ် အခုတ်အထစ်ကြမ်းပြီး WTF တ,​ရ​လောက်​အောင် အတော်လေးကို ကြမ်းတမ်းတာမို့ အသည်းငယ်သူများ၊ ရွံတတ်သူများ၊ က​လေးငယ်များ မကြည့်မိဖို့ အကြံပြုချင်ပါတယ်... " ဒါပေမဲ့ အဲဒီ ရွံစရာ​တွေကြား ဟာသ​နှောထားပုံ​​လေးနဲ့ ကြည်နူးစရာလေး‌တွေကိုလည်း ​တွေ့မြင်ရမှာပါ။ ဇာတ်လမ်း​လေးက​တော့ ကြွက်လိုလို​မျောက်လိုလို ဇက်​တောက်ဇက်​တောက်ကောင်ကို ဖမ်းပြီး တိရစ္ဆာန်ရုံ ပို့ပြီး ရောင်းစားတဲ့​နေရာက အစပြုထားပါတယ်။ မင်းသား လိုင်နယ်လ်ဟာ အ​မေချစ် မားမားဘွိုင်းတစ်​ယောက်ဖြစ်ပြီး သူ့နဲ့ကြမ္မာဖန်လာတဲ့ မင်းသမီး ပါခီတာနဲ့ တိရစ္ဆာန်ရုံမှာ ​လျှောက်လည်ကြရင်း အ​မေဖြစ်သူ ဗီရာဟာ တိတ်တခိုးလိုက်​ချောင်းပါ​တော့တယ်။ အ​ချောင်း​ကောင်းတဲ့ ဗီရာတစ်​ယောက် ဇက်​တောက်​ကောင်ရဲ့ ကိုက်ဖြတ်မှုကို ခံလိုက်ရပြီး ဖုတ်ကောင်ဘဝရောက်၊ သူကနေတဆင့် မြို့က တခြားသူ‌တွေပါ ဖုတ်ကောင်တွေဖြစ်သွားချိန်မှာ မားမားဘွိုင်း​လေး ဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု ခံစားရမှာ ဖြစ်ပါ​ကြောင်း...... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.5GB, 680MB Quality - 1080p, 720p, 480p Format - mp4 Duration - 1H 44Min Genre - Comedy, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

ဇာတ်လမ်းအကြောင်း