ဇာတ်ကားများ ရွေးရန်

When the Screaming Starts

2021ဇာတ်ကားအမှတ် 5.1/1089 မိနစ်

လူသတ်သမားတစ်ယောက်ရဲ့ နေထိုင်ပုံနဲ့ သတ်ဖြတ်ပုံတွေကို အင်တာဗျူးတွေကနေတစ်ဆင့် သိရရုံတင်မကဘဲ လူသတ်တဲ့နေရာမှာပါ ကင်မရာထောင်ပြီး မှတ်တမ်းတင်ရိုက်ကူးနိုင်မယ်ဆိုရင် ဘယ်လောက်အာရုံစိုက်ခံရမလဲ။ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ နော်မန်ဂရေးစမစ်ကတော့ အဲဒီလိုရုပ်ရှင်မျိုး ရိုက်နိုင်ရင် လူတွေ အလွန်စိတ်ဝင်စားကြပြီး သူလည်း အောင်မြင်လာမယ်လို့ ယုံကြည်နေပါတယ်။ ဒီလိုနဲ့ အင်တာနက်ပေါ်မှာ အေဒန်မန်ဒယ်ဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို ရှာတွေ့သွားတဲ့အခါ နော်မန်ရဲ့ မှတ်တမ်းရုပ်ရှင် စတင်လာပါတော့တယ်။ နာမည်ကျော်တွေလိုပဲ လူသတ်သမားတွေလည်း သမိုင်းမှာ အမည်ကျန်နိုင်တယ်ဆိုတဲ့ ကျော်ကြားမှုအပေါ် အတွေးနဲ့ ဒီလိုမှတ်တမ်းရုပ်ရှင်မျိုးကို လူတွေ စိတ်ဝင်စားကြမလားဆိုတဲ့ အယူအဆတွေကို ထိတ်လန့်စရာဟာသနဲ့ ရောစပ်ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း