ဇာတ်ကားများ ရွေးရန်

De De Pyaar De

2019ဇာတ်ကားအမှတ် 6.0/10135 မိနစ်

MDb 6.7/10 Google Users 90% ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ ၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး ပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ် Rom-Com ဆိုတာဘာလဲ ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူး သေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူး ကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ် ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ် ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ် ဇာတ်လမ်းလေးပြောပြရရင် ... အသက် ၅၀ အရွယ် အိမ်ထောင်ကွဲအမျိုးသားတစ်ဦးဖြစ်တဲ့ အာရှစ်(ရှ်)ဟာ အသက် ၂၆ အရွယ် အိုင်(ယ်)ရှားဆိုတဲ့ကောင်မလေးနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ် ၁၄ နှစ်အသက်ကွာခြားမှုကြောင့် ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ကြားထိုးနှက်မှုပေါင်းများစွားလည်း ရှိနေပါတယ်။ အဲ့ဒိအချိန်မှာ အာရှစ်တစ်ယောက် အိုင်(ယ်)ရှားကို သူ့မိသားစုနဲ့တွေ့ပေးဖို့ခေါ်သွားတဲ့အခါမှာတော့ ... (ဒီဇာတ်ကားဟာ အကြည်ထွက်တာကြာပြီဆိုပေမယ့် စာဖိုင်အမှန်မထွက်သေးလို့ဘာသာပြန်မရဘဲဖြစ်နေတာပါ အနီးစပ်ဆုံးစာဖိုင်ကို နားထောင်ပြီး အမှန်ဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်၊ လိုအပ်ချက်တစ်စုံတစ်ရာပါရှိပါက သည်းခံပေးကြပါကုန်) (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File Size : (950 MB) and (480 MB) Quality : WEB-DL 720p Running Time : 2hr 15min Format : Mkv Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB.DL.H264.AAC.2.0.ESUBS.Telly Translated by Zaw Htoo Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း