Knights of Badassdom
ဂျိုး၊ အဲရစ်နဲ့ ဟန်းတို့ဟာ အတူနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ။ အဲရစ်နဲ့ ဟန်းက ဂန္ထဝင်စာအုပ်တွေ၊ ဂိမ်းတွေနဲ့ ကစားစရာတွေကို ဝါသနာပါကြပေမဲ့ ဂျိုးအတွက်တော့ ရည်းစားနဲ့ ဂီတက သူ့ဘဝပါပဲ။ တစ်နေ့ ချစ်သူက လမ်းခွဲသွားတဲ့အခါ ဂျိုးတစ်ယောက် အကြီးအကျယ် ခံစားနေရတော့ သူငယ်ချင်းနှစ်ယောက်က စိတ်သက်သာရာရစေဖို့ ဆေးတိုက်ပြီး ကူညီကြပါတယ်။ ဂျိုး ပြန်နိုးလာချိန်မှာတော့ အဲရစ်နဲ့ ဟန်းတို့ ပိတ်ရက်တိုင်း သွားကစားနေကျ စစ်မြေပြင်ဂိမ်းထဲကို ရောက်နေပြီ။ ရောက်လက်စနဲ့ သူလည်း ကစားပွဲထဲ ဝင်ပါလိုက်တယ်။ အဲဒီနောက် အဆန်းထွင်ချင်တဲ့ အဲရစ်က ဘယ်ကရလာမှန်းမသိတဲ့ မှော်စာအုပ်ကြီးကို ထုတ်ပြီး ရွတ်ပါတော့တယ်။ သူ မသိတာက အဲဒီစာအုပ်ဟာ ကစားစရာမဟုတ်ဘဲ နတ်ဆိုးဆင့်ခေါ်တဲ့ စာအုပ်အစစ်ဖြစ်နေတာပါ။ မတော်တဆ နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်မိလိုက်တဲ့အခါ အားလပ်ရက်မှာ ပျော်ဖို့လာကြတဲ့ လူတစ်စုဟာ တကယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ သူတို့ ဘယ်လိုစွန့်စားပြီး နတ်ဆိုးကို နှိမ်နင်းကြမလဲဆိုတာ ဆက်ပြထားတဲ့ ဟာသစွန့်စားခန်းမှာ Peter Dinklage လည်း ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း