Govinda Naam Mera
မွန်ဘိုင်းမြို့မှာ နေတဲ့ ဂိုဗင်ဒါက မိန်းမဖြစ်သူနဲ့ ကွာရှင်းပြီး သူ့ချစ်သူနဲ့ နီးစပ်ချင်နေသူပါ။ ဒါပေမဲ့ အိမ်မှာ မယားကြောက်နေရသလို အမွေကိစ္စအတွက်လည်း စိတ်ပူနေရတယ်။ သူ့အမေဟာ အဖေရဲ့ မယားငယ်ဖြစ်နေတာကြောင့် အမွေဆိုင်အိမ်ကို ဆုံးရှုံးရမှာ ကြောက်နေရတာပါ။ ဘဝမှာ အခွင့်အရေးတစ်ခု ရလာပြန်တော့လည်း လူမိုက်တွေနဲ့ တိုးမိလို့ အသက်အန္တရာယ်အတွက် ပူရပြန်ပါတယ်။ အဲဒီလို ပြဿနာတွေကြားက ဂိုဗင်ဒါအတွက် တစ်နေ့မှာတော့ ချစ်သူနဲ့ နီးစပ်နိုင်မယ့် အခွင့်အရေးတစ်ခု ပေါ်လာတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးက မိန်းမဖြစ်သူရဲ့ သေဆုံးမှုနဲ့ ဆက်နွယ်နေတဲ့အခါ ဂိုဗင်ဒါ ဘယ်လိုဆက်လုပ်မလဲ။ ဗစ်ကီ၊ ကီယာရာနဲ့ ဘူမီကာပဒ်နေကာတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း