24
စည်သူနဲ့ အက်ထရီယားတို့က အမြွှာညီအစ်ကိုနှစ်ယောက်ပါ။ မိဘတွေရဲ့ အလေးပေးမှုကို ရခဲ့တဲ့ စည်သူက ထူးချွန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး အိန္ဒိယရဲ့ နံပါတ်တစ် နာရီကုမ္ပဏီဖြစ်တဲ့ ဖီးနစ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူက အချိန်ခရီးသွားလို့ရတဲ့ နာရီတစ်လုံးကို တီထွင်နေခဲ့တယ်။ နာရီကို အောင်အောင်မြင်မြင် တီထွင်နိုင်သွားချိန်မှာတော့ သူ့ကို မနာလိုရန်လိုနေတဲ့ အက်ထရီယားက နာရီကို အပိုင်သိမ်းဖို့ ကြိုးစားလာပါတယ်။ တပည့်တွေကို ခေါ်ပြီး စည်သူ့အိမ်အထိ ရောက်လာတဲ့အခါ အမြွှာညီအစ်ကိုနှစ်ယောက်ကြားက ပြဿနာဟာ အချိန်ခရီးသွားနာရီနဲ့ ပတ်သက်လာပါတော့တယ်။ ဒီဇာတ်ကားမှာ ဆူးရီးယားက အဖေ၊ သားနဲ့ ဗီလိန်ဆိုတဲ့ ဇာတ်ရုပ်သုံးမျိုးကို သရုပ်ဆောင်ထားပြီး ဆမန်းသားနဲ့ နစ်သယားတို့လည်း ပါဝင်ထားပါတယ်။ ရူပီကုဋေ ၇၀ သုံးစွဲရိုက်ကူးထားပြီး ဝင်ငွေက ခန့်မှန်းခြေ ရူပီကုဋေ ၁၀၀ ဝန်းကျင် ရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း