ဇာတ်ကားများ ရွေးရန်

Ghilli

2004ဇာတ်ကားအမှတ် 6.9/10168 မိနစ်

ဗယ်လူက ကာဘာဒီအားကစားကို အရူးအမူးဝါသနာပါတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် အဖေက မကြိုက်တာကြောင့် ကစားရင်လည်း ခိုးကစား၊ ပြိုင်ပွဲဝင်ရင်လည်း အိမ်ကလူတွေ မသိအောင် ဝင်နေရတယ်။ တစ်နေ့တော့ မာဒူရိုင်မြို့မှာ ကာဘာဒီပြိုင်ပွဲ ဝင်ဖို့ အိမ်ကိုလိမ်ပြီး ထွက်လာခဲ့ပါတယ်။ လမ်းမှာ မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်က အတင်းဆွဲခေါ်နေတာ တွေ့လိုက်ရတော့ ဗယ်လူက ဝင်ကယ်လိုက်တယ်။ အဲဒီလူဟာ ငွေအင်အားကို အားကိုးပြီး ဆိုးချင်တိုင်းဆိုးနေသူဖြစ်သလို လမ်းပေါ်မှာတောင် လူကို ပေါ်ပေါ်ထင်ထင် သတ်ရဲတဲ့သူပါ။ မိန်းကလေးကိုလည်း အသေရရ အရှင်ရရ လိုချင်နေတယ်။ ဗယ်လူက ကယ်လာတဲ့မိန်းကလေးကို ကိုယ့်အိမ်မှာပဲ မိသားစုဝင်တစ်ယောက်မှ မသိအောင် နည်းအမျိုးမျိုးနဲ့ ဖွက်ထားရပါတယ်။ အိမ်ကလူတွေ မရိပ်မိအောင် ဘယ်လောက်ကြာကြာ ဖုံးထားနိုင်မလဲ၊ သူ့နောက်ကို လိုက်နေတဲ့ လူဆိုးတွေလက်ကနေ ဘယ်လိုကယ်တင်မလဲဆိုတာကို အချစ်၊ အလွမ်းနဲ့ အက်ရှင်တို့ ရောစပ်ထားတဲ့ ဗီဂျေးရဲ့ ၂၀၀၄ ခုနှစ်ထွက် ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း