ဇာတ်ကားများ ရွေးရန်

Naane Varuvean

2022ဇာတ်ကားအမှတ် 6.6/10122 မိနစ်

ပရာဘူနဲ့ ကာသီရ်တို့က အမွှာညီအစ်ကိုတွေဖြစ်ပေမယ့် စိတ်နေစိတ်ထားတော့ မတူကြပါဘူး။ ပရာဘူက နူးညံ့သလောက် ကာသီရ်က ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ဖြစ်နေတော့ သူ့အပြုအမူတွေ ပရာဘူ့အပေါ် လွှမ်းမိုးလာမှာကို ဖခင်ဖြစ်သူက စိုးရိမ်နေခဲ့တယ်။ သူတော်စင်တစ်ပါးကလည်း ညီအစ်ကိုနှစ်ယောက် အတူမနေသင့်ဘူးလို့ ပြောလာတဲ့အခါ မိခင်က ကာသီရ်ကို ဘုရားကျောင်းမှာ စွန့်ပစ်ပြီး ပရာဘူနဲ့အတူ ထွက်ပြေးသွားပါတယ်။ နှစ်တွေကြာလာတော့ ပရာဘူဟာ အိမ်ထောင်ကျပြီး သမီးတစ်ယောက် ရလာတယ်။ တစ်ဦးတည်းသော သမီးလေးကို အချစ်ပိုပြီး ဂရုစိုက်နေခဲ့ပေမယ့် တစ်နေ့မှာတော့ ကလေးရဲ့ ထူးဆန်းတဲ့အပြုအမူတွေကို သတိထားမိလာပါတယ်။ သမီးက တစ်ယောက်ယောက်နဲ့ စကားပြောနေသလို တစ်ယောက်တည်း ပြောဆိုနေတာပါ။ သမီးလေး ဘာကြောင့် ဒီလိုဖြစ်နေတာလဲ၊ သူစကားပြောနေတဲ့သူက ဘယ်သူလဲ၊ ဒီအဖြစ်တွေရဲ့ နောက်ကွယ်မှာ ဘာရှိနေလဲဆိုတဲ့ မေးခွန်းတွေ ပရာဘူ့ရှေ့ ရောက်လာပါတော့တယ်။

ဇာတ်လမ်းအကြောင်း