The Curse of Bridge Hollow
ဘရစ်ခ်ျဟောလိုးမှာ စတင်ဂျီဂျက်ဆိုတဲ့ လူတစ်ယောက်အကြောင်း ပြောစမှတ်ရှိပါတယ်။ ငယ်စဉ်ကတည်းက လူ့ခွစာဖြစ်ပြီး အရွယ်ရောက်လာတဲ့အထိ လူအများနဲ့ အဆင်မပြေတဲ့ ဂျက်ကို တစ်နေ့မှာ ရွာသားတွေက ဝိုင်းရိုက်သတ်လိုက်ကြတယ်။ သေဆုံးသွားတဲ့ သူ့ကို စေတန်က သနားပြီး ဝိညာဉ်နဲ့ အပေးအယူလုပ်ကာ ရွှေဖရုံသီးတစ်လုံးထဲမှာ နေရာပေးထားခဲ့ပါတယ်။ ဟောလိုးဝင်းည နေဝင်ချိန်ကနေ သန်းခေါင်အထိတော့ လူ့လောကထဲ ဝင်ရောက်စိုးမိုးခွင့် ပေးထားတယ်။ ဒါပေမယ့် တစ်နှစ်မှာ ညတစ်ပိုင်းပဲ ရတဲ့အခွင့်အရေးကို ဂျက်က မကျေနပ်ဘူး။ လူ့လောကမှာ ထာဝရနေရဖို့ သူ့ဝိညာဉ်နေရာကို အစားဝင်ပေးမယ့်သူ ရှာပြီး စေတန်ကို လာဘ်ထိုးဖို့ပါ ကြံစည်လာပါတယ်။ အဲဒီအခါ စိတ်စွမ်းအားရှင် နတ်ဝင်သည် ဟောသွန်းက ချည်နှောင်မန္တန်သုံးပြီး ဂျက်ကို သူ့ရွှေဖရုံသီးထဲမှာပဲ ပိတ်လှောင်လိုက်တယ်။ ဒီဘက်ခေတ်မှာတော့ ဘရွတ်ကလင်ကနေ ပြောင်းလာတဲ့ ဆယ်ကျော်သက်ကောင်မလေး ဆစ်ဒ်နေဟာ အဲဒီရွှေဖရုံသီးကို မီးညှိလိုက်မိပါတယ်။ အဲဒီကနေ ရာစုနှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တဲ့ ဂျက်တစ်ယောက် ဟောလိုးဝင်းညမှာ ပြန်လွတ်လာတဲ့အကြောင်းကို မိသားစုကြည့် စိတ်ကူးယဉ်သရဲဟာသအဖြစ် ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း