Phir Hera Pheri
Hera Pheri ရဲ့ အဆက်ဖြစ်တဲ့ ဒီကားမှာ ရာဂျူး၊ ရှာမ်နဲ့ ဘာဘူရောင်းတို့ဟာ ငွေအများကြီးရထားပြီး သူဌေးတွေ ဖြစ်နေကြပါပြီ။ ဒါပေမယ့် ချမ်းသာလာတာနဲ့တင် မတင်းတိမ်နိုင်ဘဲ ပိုလိုချင်နေကြတုန်းပါ။ လောဘနောက်လိုက်မိရာက အလိမ်ခံလိုက်ရပြီး သုံးယောက်စလုံး ပြန်မွဲသွားကြပါတယ်။ ဒီလိုဖြစ်သွားလည်း အလွယ်တကူ ချမ်းသာချင်တဲ့စိတ်က မပျောက်တော့ မဟုတ်တဲ့နည်းလမ်းတွေနဲ့ ငွေပြန်ရှာဖို့ ကြိုးစားကြပြန်တယ်။ သူတို့သုံးယောက်ရဲ့ အကြံအစည်တွေနောက်မှာ ဘယ်လိုအလွဲတွေ ကြုံလာဦးမလဲဆိုတာ ဟာသအဖြစ် ဆက်ထားပါတယ်။ အရှေးကူမား၊ ဆူနီးရှက်တီး၊ ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့အပြင် ဟာသသရုပ်ဆောင် ဂျွန်နီလီဗာနဲ့ ပရေရှ်လာဝလ်တို့လည်း ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း