2025: Blood, White & Blue
ဟုမ်းလမ်းလုံခြုံရေးအဖွဲ့နဲ့ စစ်ရေးအဖွဲ့တစ်ဖွဲ့ ပူးပေါင်းပြီး မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးဖို့ စီစဉ်ကြပါတယ်။ အေးဂျင့် ဘီလ်ဝေလ်ဆင်က သူလျှိုအဖြစ် ဂိုဏ်းရှိရာကို ဝင်ရောက်ပြီး စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်ပေးခဲ့လို့ စစ်ဆင်ရေးအောင်မြင်သွားတယ်။ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိသလို မူးယစ်ဆေးနဲ့ ငွေအမြောက်အမြားလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ တစ်ရက်နှစ်ရက်အကြာမှာတော့ ဥပဒေမဲ့ သတ်ဖြတ်ခွင့်ရှိတဲ့ The Purge ညကို ရောက်လာပါတယ်။ ဘီလ်က သူ့အိမ်ကို ခြံစည်းရိုးတွေနဲ့ လုံခြုံအောင် ပြင်ဆင်ထားပေမယ့် သူနဲ့သိကျွမ်းတဲ့ အီဒင်ရဲ့ အကြံကိုတော့ မသိထားဘူး။ အီဒင်က ဘီလ်ရဲ့အိမ်မှာ သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးနဲ့ ငွေတွေရှိကြောင်း ကြားထားလို့ အဲဒီညမှာ ဓားပြတိုက်ယူဖို့ စီစဉ်နေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘီလ်ရဲ့မိသားစုကလည်း အဲဒီည သူ့အိမ်ကို ညစာလာစားကြတယ်။ လုပ်ဖော်ကိုင်ဖက် ဒယ်လ်လည်း တစ်ညအိပ်ဖို့ ရောက်လာတဲ့အတွက် ဘီလ်တစ်ယောက်တည်းတင်မကဘဲ အိမ်မှာရှိနေသူတွေပါ ပစ်မှတ်ဖြစ်လာပါတယ်။ အီဒင်ရဲ့ အစီအစဉ်အတိုင်း ဖြစ်သွားမလား၊ ဘီလ်တို့ ဘယ်လိုရင်ဆိုင်ကြရမလဲ။
ဇာတ်လမ်းအကြောင်း