Daeng
မက်နဲ့နတ်တို့ရဲ့ နာမည်ကြီးသရဲဇာတ်လမ်းကို လူတွေ မှတ်မိကြပေမယ့် နတ်ရဲ့ သေဆုံးသွားတဲ့သားလေး ဒန်အကြောင်းကိုတော့ သိသူနည်းပါတယ်။ ဒီဇာတ်လမ်းက မိဘတွေမရှိဘဲ ကျန်ရစ်နေတဲ့ ဒန်ကို အခြေခံထားတာပါ။ ဒန်က လူတွေကို ရန်ပြုချင်စိတ်မရှိဘဲ မိတ်ဆွေဖြစ်ချင်သူ၊ မိဘတွေကိုလည်း အမြဲလိုက်ရှာချင်နေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွာမှာ ညတိုင်း ခြောက်လှန့်နေပြီး လူပါသတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ သူ့အပေါ် ကျလာတယ်။ ဒန့်ကို နှိမ်နင်းဖို့ ပယောဂဆရာတစ်ယောက်ပါ ရောက်လာတဲ့အခါ လူတွေနဲ့ ခင်မင်မှုမပျက်ချင်တဲ့ ဒန် ဘာဆက်ဖြစ်မလဲ၊ မျှော်နေတဲ့ မိဘတွေနဲ့ရော ပြန်ဆုံနိုင်မလားဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်။ ဒန်အဖြစ် Melix Efe Aygun၊ မလီအဖြစ် Machida၊ စီအဖြစ် Phuwarak Khamsing၊ ဆမ်လီအဖြစ် Mboke Medad Epie နဲ့ ဟင်အဖြစ် Surachai Borsuwan တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း