ဇာတ်ကားများ ရွေးရန်

The Warriorr

2022ဇာတ်ကားအမှတ် 5.7/10165 မိနစ်4K

ဖခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းချင်တဲ့ လူငယ်တစ်ယောက်ဟာ မိခင်ရဲ့လမ်းညွှန်မှုနဲ့ ရိုးရိုးသားသား ကြိုးစားရင်း ဆေးပညာဘွဲ့ ရလာပါတယ်။ အဲဒီနောက် ကူအာနိုးဆေးရုံမှာ အလုပ်သင်ဆင်းဖို့ ဟိုင်ဒရာဘတ်ကနေ ကူအာနိုးကို ပြောင်းလာတယ်။ အဲဒီမှာ FM တစ်ခုမှာ အလုပ်လုပ်နေတဲ့ မိတဆိုးမိန်းကလေးတစ်ယောက်နဲ့ တိုက်ခန်းတစ်ခုမှာ ဆုံဖြစ်ကြပါတယ်။ သူမက ကိုယ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်ပြီး ထုတ်လွှင့်တတ်သူဖြစ်လို့ မဟာလက်ရှ်မီးရဲ့ ဝီစီသံလို့ အမည်တွင်နေသူပါ။ ဆရာဝန်လေးကတော့ ရန်သူဖြစ်နေရင်တောင် လူနာကို ကုသပေးရမယ်ဆိုတဲ့ ကျင့်ဝတ်ကို လက်ကိုင်ထားသူဖြစ်ပါတယ်။ အဲဒီခံယူချက်အတိုင်း ကုသပေးနေရာက ကူအာနိုးမြို့မှာ ဩဇာရှိတဲ့ ဂုရုဆိုသူနဲ့ ဆုံလာတဲ့အခါ သူ့ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ ဆက်တွေ့ရမှာပါ။ Modern Love Hyderabad ထဲက အက်ဒ်ဟီနဲ့ Uppena ထဲက ကာရီသီတို့ ပါဝင်ထားတဲ့ အက်ရှင်မှုခင်းဇာတ်ကားဖြစ်ပြီး ကြမ်းတမ်းတဲ့ တိုက်ခိုက်ခန်းနဲ့ သတ်ဖြတ်ခန်းတွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း